မင်းလှမြို့နယ်၌သံပုရာကန်-မင်းလှ-မင်းဘူးလမ်းအား‌ မြေသားဘောင်ချဲ့၍မြေနီခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများအားကြည့်ရှုစစ်ဆေး

အထက်မင်းလှ       ဒီဇင်ဘာ ၁၈

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင်၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် ၆လတွင် မကွေးတိုင်း‌ဒေသကြီးအစိုးရအဖွဲ့၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် သံပုရာကန်-မင်းလှ-မင်းဘူး လမ်းအား မြေသားဘောင်ချဲ့၍ မြေနီခင်းခြင်းလုပ်ငန်းကို မင်းလှမြို့နယ် ကျေးလက်လမ်း ဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၉နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များမှ    ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့သည်။

မင်းလှမြို့နယ်တွင် သံပုရာကန်-မင်းဘူး-မင်းလှလမ်း ၁မိုင်၄ဖာလုံလမ်းအား မြေသား ဘောင်ချဲ့ ၍မြေနီခင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ရန်အတွက် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ   ခွင့်ပြု ရန်ပုံငွေကျပ်သန်း၃၆.၉၈၆ခွင့်ပြုချထားပေးခဲ့ပြီးမြို့နယ်ကျေးလက်လမ်းဦးစီးဌာနမှလုပ်ငန်းများကိုဒီဇင်ဘာလ ၁၄ရက်နေ့မှ စတင်ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။

 ဇာဇာ(အထက်မင်းလှ)