ကလိန်အောင် ဒီဇင်ဘာ ၁၈
ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ စာအုပ်စာပေ ချစ်သူမျာအသင်း (Book Club) ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ ၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲတွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်မိုးမိုးခိုင်က ဖွဲ့စည်းထားသည့် (Book Club) စာပေချစ်သူများအသင်းဝင်များ အနေဖြင့် စာဖတ်ဝိုင်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်စေလိုကြောင်း၊ မိမိတို့ ဌာနအနေဖြင့်လည်း စာပေဝါသနာရှင်များနှင့် ပူးပေါင်းပြီး စာဖတ်ရှိန်မြှင့်တင်ရေးနှင့် စာပေ ဖတ်ရှုမှု အလေ့အထများ ရရှိလာစေရေးအတွက် ဆက်လက်ဆောင်ရွက်မည့် အကြောင်းတို့ကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ကလိန်အောင်မြို့ စာပေချစ်သူများအသင်းဝင် ဒေါ်မိုးသန္တာဝင်းက ကျောင်းသူ/ ကျောင်းသားများအပြင် ဌာနဆိုင်ရာဝန်ထမ်းများ ပါဝင်စေလိုကြောင်း၊ လူတိုင်းဖုန်းကိုင်နိုင်သည့် အတွက် စာအုပ်ဖတ်ဖို့ထက် ဖုန်းကိုသာ ပိုသုံးလာကြသဖြင့် လူငယ်များ စာပေနှင့် ကင်းကွာ လာကြောင်း၊ စာဖတ်ရှိန်မြှင့်တင်ရေးအတွက် စာဖတ်ဝိုင်းဆွေးနွေးပွဲများ ပုံမှန်ကျင်းပ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ကျောင်းသူ/ကျောင်းသားများ အနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိလာစေရန် လေ့ကျင့်ဆောင်ရွက်သွားမည့် အစီအစဉ်များကို ဆွေးနွေးပြောကြားခဲ့သည်။
မိုးမိုးခိုင်