သတင်းများ

ပေါက်မြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးသွားမည်
Oct 11,2021
ပေါက်မြို့နယ်အတွင်း အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ၂၀၂၁ခုနှစ်၊ အောက်တိုဘာလ ဒုတိယအပတ် အတွင်း စတင်ထိုးနှံ ပေးသွားမည်ဖြစ်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝ ဓါတ်ငွေ့မြေမှ CSR ရန်ပုံငွေဖြင့် ခွဲစိတ်သုံးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်း ပေးအပ်
Oct 11,2021
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ မြိုင်မြို့နယ် ပြည်သူ့ဆေးရုံသို့ ကျောက်ခွက်-လက်ပံတို-အရာတော်ရေနံနှင့် သဘာဝဓါတ်ငွေ့မြေမှ CSR ရန်ပုံငွေဖြင့် ခွဲစိတ်သုံး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများ လှူဒါန်းပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်သည်။
ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ကာကွယ်ဆေး (Sinopharm) Phase-2 ပထမအကြိမ် စတင်ထိုးနှံပေး
Oct 11,2021
ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး တစ်ကြိမ်မှ မထိုးနှံရသေးသည့် အသပ်(၁၈)နှစ်အထက် ဒေသခံပြည်သူများကို ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinopharm) Phase-2 ပထမအကြိမ်ထိုးနှံပေးခြင်းကို သတ်မှတ်စုရပ် (၄)ခုတွင် ယမန်နေ့မှစ၍ နံနက် ၉ နာရီမှ ညနေ ၄ နာရီထိ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ အတည်ပြုလူနာ (၆၀၁) ဦး ဆေးရုံဆင်းခွင့်ရပြီဖြစ်
Oct 11,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ယမန်နေ့အထိ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိ အတည်ပြုလူနာပေါင်း (၆၅၅) ဦးရှိပြီး ရောဂါသက်သာပျောက်ကင်း၍ နေအိမ်သို့ ပြန်ခွင့်ရသူ စုစုပေါင်း (၆၀၁) ဦးရှိပြီဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီထံမှ သိရသည်။
ဖျာပုံမြို့နယ်တွင် အသက်(၁၂)နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်ရေးနှင့် ပတ်သက်ပြီး တွေ့ဆုံမေးမြန်း
Oct 11,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်ရှိ အသက်(၁၂)နှစ်နှင့််အထက် ကျောင်းသား/ သူများအား ကိုဗစ်-၁၉ ကူးစက် ရောဂါကာကွယ်ဆေးထိုးနှံရေးအတွက် ယနေ့ နံနက်(၁၀) အချိန်က ဖျာပုံမြို့နယ် ပညာရေးမှူးဒေါ် တင်ရီအားသွားရောက် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရှိရသည်။
ကလေးမြို့သို့ ကိုဗစ်-၁၉ ကာကွယ်ဆေးအလုံးရေ (၃၅၀၀၀) ရောက်ရှိ
Oct 11,2021
စစ်ကိုင်းတိုင်းဒေကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် ယမန်နေ့ညနေပိုင်းက တပ်မတော်ပိုင် လေယာဉ်ဖြင့် ကလေးမြို့လေဆိပ်သို့ တရုတ်နိုင်ငံမှလုပ်သည့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (Sinopharm)အလုံးရေ (၃၅၀၀၀) ရောက်ရှိခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း၊ ဒေသကွက်ကဲရေးစစ်ဌာနချုပ် (ကလေး)မှ တာဝန်ရှိသူများနှင့် ကျန်းမာရေး ဌာနမှ တာဝန်ရှိသူများက လက်ခံခဲ့ကြောင်း သိရသည်။
ပင်းတယမြို့နယ်၌ စိုက်ပျိုးရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန်၊ ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်လုပ်ငန်းများ ဆောင်ရွက်
Oct 11,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ် ကျုံးကျေးရွာတွင် ၂၀၂၁ခုနှစ်၊ ဆောင်းရာသီ၊  ရေဆင်း (၁) စပ်မျိုးနေကြာ မျိုးစေ့ထုတ်ခြင်း လုပ်ငန်းကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနက၊ အောက်တိုဘာဒုတိယအပတ်၌ ကျုံးကျေးရွာအုပ်စုရှိ တောင်သူပညာပေး (knowledge Center) တွင်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။