ကဝ ဒီဇင်ဘာ ၁၈
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် ဖလေးကျေးရွာနှင့် မိုးဂနိမ်းကျေးရွာများ အတွင်း ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ကဖလေးကျေးရွာနှင့် မိုးဂနိမ်းကျေးရွာအတွင်းရှိ လမ်းဆုံလမ်းခွနေရာများတွင် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အသံချဲ့စက်ဖြင့် လိုက်လံနှိုးဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြသည်။
အသိပညာပေးနှိုးဆော်ရာတွင် လက်ရှိအခြေနေ၌ ကိုဗစ်-၁၉ ဗီဇပြောင်း အိုမီခရွန် ရောဂါသည် အလွန်ပြင်းထန်ပြီး မျိုးရိုးဗီဇပြောင်းလဲမှု အများဆုံးနှင့်စိုးရိမ်ရသည့် မျိုးကွဲသစ်ဖြစ်သည့်အတွက် ကဝမြို့နယ်အတွင်း ဗီဇပြောင်း အိုမီခရွန် ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံးမိမိတို့၏နေအိမ်အတွင်းမှာသာနေထိုင်ကြပါရန်၊ လူစုလူဝေးကိုရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအပြင် ထွက်ရပါက နှာခေါင်းစည်း Mask တပ်ဆင်သွားလာကြရန်၊ လက်ကို မကြာခဏ ဆေးကြောသန့်စင်ရန်၊ အခြားသူများနှင့် အနည်းဆုံး ၆ ပေအကွာမှ ခပ်ခွာခွာနေကြပါရန်၊ Mask မတပ်သူများနှင့် တွေ့ဆုံခြင်းများ၊ စကားပြောဆိုခြင်းများ ရှောင်ကြဉ်ကြပါရန် ၊ပစ္စည်းတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်း လက်ကို ဆပ်ပြာဖြင့် အနည်းဆုံး စက္ကန့် ၂၀ ကြာအောင် စနစ်တကျ လက်ဆေးပါ၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ် နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်ကိုင်တွယ်ခြင်း၊ ထိတွေ့ခြင်းများ မပြုလုပ်ရန်၊ လေဝင်လေထွက် မကောင်းသော အခန်းများကိုရှောင် ပါ၊ မိမိတို့၏ နေအိမ်များကို ပြတင်းတံခါးများ ဖွင့်ထားပြီး လေဝင်လေထွက်ကောင်းအောင် ပြုလုပ်ကြပါရန် စသည့် လိုက်နာရမည့်အချက် များ၊ ရှောင်ကြဉ်ရမည့်အချက်များနှင့် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာထားရှိသည့် ညွှန်ကြားချက်များအား ပြည်သူများ သိရှိလိုက်နာဆောင်ရွက်နိုင်စေရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပညာပေး နှိုးဆော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)