ကဝမြို့နယ်၌ သမဝါယမအသင်းစုလီမိတက်၏ နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေး အခမ်းအနားကျင်းပ

ကဝ   ဒီဇင်ဘာ   ၁၈

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် သမဝါယမအသင်းစု၏ ၂၀၁၉-၂၀၂၀/၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် နှစ်ပတ်လည် အရပ်ရပ်ဆိုင်ရာ အစည်းအဝေးအခမ်းအနားကို သမဝါယမအသင်းစုရုံးခမ်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ကဝမြို့နယ် သမဝါယမအသင်းစုဥက္ကဋ္ဌ ဦးခင်မောင်တင့်က အဖွင့် အမှာစကားပြောကြားပြီး တိုင်းသမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းကျော်လင်း၊ တိုင်းသမအသင်းစုချုပ် လီမိတက် ဒု-ဥက္ကဌ ဦးသိန်းထွဋ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်သမဦးစီးအရာရှိတို့က  လမ်းညွှန်အမှာစကားများ အသီးသီးပြောကြားခဲ့ကြကြောင်း သိရသည်။

ထို့နောက် မြို့နယ်သမအသင်းစု၏ ၂၀၁၉-၂၀၂၀/ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် ဒါရိုက်တာအဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှု အစီရင်ခံစာများ ရှင်းလင်းခြင်း၊ ဘဏ္ဍာရေး ရှင်းတမ်း များရှင်းလင်းခြင်း၊  အသင်းစာရင်းစစ်အဖွဲ့၏  စာရင်းစစ်ဆေးချက်   အစီရင်ခံစာများ ရှင်းလင်းခြင်း၊ ဟားတားကဲ့ ဇီဝမြေသြဇာကုမ္ပဏီမှ ဇီဝမြေသြဇာအကြောင်းရှင်းလင်းခြင်းနှင့် ရှေ့လုပ်ငန်းများအား အတည်ပြုချက်၊ ဆုံးဖြတ်ချက်များရယူပြီး သဘာပတိက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)