ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင် သံတွဲမြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ

သံတွဲ    ဒီဇင်ဘာ    ၁၈

ရခိုင်ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးစံရွှေမောင်သည် ယနေ့ နံနက်  ၁၀ နာရီခွဲ အချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ သံတွဲမြို့နယ်အတွင်းရှိ ဘဏ်လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ ဘဏ်လုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးခဲ့သည်။

ထိုသို့ဆွေးနွေးရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၏ လမ်းညွှန်မှာကြားချက်၊ ညွှန်ကြားချက်များကို ဘဏ်လုပ်ငန်းတာဝန်ရှိသူများက အလေးထားလိုက်နာဆောင်ရွက် သွားကြရန် လိုအပ်ပါကြောင်း၊ ငွေသွင်း၊ ငွေထုတ်ဆောင်ရွက်နေသည့် ပြည်သူများအား အဂတိ ကင်းရှင်းစွာဖြင့် လိုက်လှဲပျူ ငှာဖေါ်ရွှေစွာ ဝန်ဆောင်မှုပေးရန် ဝန်ထမ်းများကိုကြီးကြပ် မှာကြားရေးတို့ကို ဆွေးနွေးမှာကြားသည်။

ထို့နောက် မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာ၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မန်နေဂျာနှင့် ပုဂ္ဂလိကဘဏ် လုပ်ငန်းရှင်များက ဘဏ်လုပ်ငန်းဝန်ဆောင်မှု ဆောင်ရွက်ပေးနေသည့် အခြေအနေ များကို  သက်ဆိုင်ရာ ဘဏ်များအလိုက် ရှင်းလင်းတင်ပြကြရာ ပြည်နယ်စီးပွားရေးရာဝန်ကြီးက  ပြန်လည်ရှင်းလင်းဆွေးနွေးကာ လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့သည်။

ခရိုင်ပြန်/ဆက်