(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာ ပြိုင်ပွဲကို လသာမြို့နယ်တွင် ကျင်းပ

လသာ ဒီဇင်ဘာ ၁၈

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်၊ စာစီစာကုံး၊ ကဗျာ၊ ပန်းချီ၊ ပိုစတာပြိုင်ပွဲကို ရန်ကုန်အနောက်ပိုင်း ခရိုင်၊ လသာ မြို့နယ်အမှတ်(၁၀)ရပ်ကွက် အ.ထ.က(၂)လသာ ကျောင်းတွင် ယမန်နေ့ နံနက်(၁၀)နာရီအချိန်က ကျင်းပရာ အ.ထ.က(၁)လသာနှင့် အ.ထ.က(၂) လသာတို့မှ ကျောင်းသူ/ကျောင်းသားများ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲကို MRTV ရုပ်မြင်သံကြား ရိုက်ကူးရေးအဖွဲ့မှ ဒေါ်ဆွေဆွေလွင် (ရုပ်သံ- ၁) နှင့်ဦးမြတ်စိုး (ကင်မရာမင်း)တို့ (၂)ဦးရောက်ရှိလာကြပြီး ပြိုင်ပွဲကျင်းပ ပြုလုပ်နေမှုကို မှတ်တမ်းတင် ရိုက်ကူးခြင်း၊ ကျောင်းသား/ ကျောင်းသူများနှင့် တွေ့ဆုံမေးမြန်းခြင်းများကို ပြုလုပ်ခဲ့ကြောင်းနှင့် အဆိုပါပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)