သတင်းများ

အခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသော အသက်(၁၂) နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ကိုဗစ်-၁၉ ကာကွယ်ထိုးနှံနိုင်ရန်ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့်ပတ်သက်၍ မံစီမြို့နယ်ပညာရေးမှူး ဒေါ်တင်မာဆွေ နှင့်တွေ့ဆုံမေးမြန်း
Oct 11,2021
မေး။ ဆရာမကြီးတို့ရဲ့ အထက်တန်း/ အလယ်တန်းကျောင်းတွေမှာ နိုင်ငံတော်ရဲ့အစီအစဉ်နဲ့ အသက် ၁၂ နှစ်အထက် ကျောင်းသား/ကျောင်းသူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံပေးဖို့ စီစဉ်နေတယ်လို့သိရတဲ့အတွက် ကာကွယ်ဆေးထိုးနှံဖို့ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေလေးကို သိပါစေရှင့်။
ဗုံးခိုကျင်းအတွင်း သိမ်းဆည်းထားသည့်ပစ္စည်းများ ဆင်းယူရာမှသေဆုံးခဲ့ကြသည့် ကနစိုးကုန်းကျေးရွာမှ မိသားစုဝင်(၄)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ကျန်ရစ်သူမိသားစုထံ ငွေကျပ်(၁၀)သိန်းထောက်ပံ့
Oct 11,2021
ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကော့ရင်း(အောက်)ကျေးရွာအုပ်စု၊ စိမ့်ပိုင်း (ကနစိုးကုန်း) ကျေးရွာတွင် ဗုံးခိုကျင်းအတွင်း သိမ်းဆည်းထားသည့် စားသောက်ကုန်နှင့်အဝတ်အထည်များ ဆင်းယူရာမှ သေဆုံးခဲ့ကြသည့် မိသားစုဝင်(၄)ဦးအတွက် ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ် (၁၀) သိန်း ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နေ့လယ်က ပြည်နယ်လူမှုရေးရာဝန်ကြီးရုံးခန်း၌ ပြုလုပ်ရာ ကျန်ရစ်သူမိသားစုများက လက်ခံရယူခဲ့သည်။
ရေနံချောင်းမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်သော အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကျင်းပ
Oct 11,2021
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့” ဆောင်ပုဒ်နှင့်အညီ” ပန်းခင်း”စီမံချက်ဖြင့် ကျေးရွာများ အရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးသော အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက် (၁၀) နာရီ အချိန်ခန့်က အမှတ်(၁) ၊အခြေခံပညာအထက်တန်းကျောင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ပါသည်။
ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအသိပညာပေးနှိုးဆော်
Oct 11,2021
ရမည်းသင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့်ကာ စဉ်ဆက် မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့  နံနက် ၁၀ နာရီက အသံချဲ့စက်ဖြင့် လက်ဆည်ကန်ကျေးရွာအတွင်းသို့လှည့်လည်၍ အသိပညာပေး နှိုးဆော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ 
မင်းပြားမြို့၌ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် သရုပ်ပြပွဲကျင်းပ
Oct 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့၌ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေး ဦးစီးဌာန၊ နယ်စပ်ဒေသ တိုင်းရင်းသား လူငယ်များ ဖွံ့ဖြိုးရေး သင်တန်းကျောင်း၌ ယမန်နေ့က မင်းပြားမြို့နယ် ကြက်ခြေနီတပ်ဖွဲ့မှ သဘာဝ ဘေးအန္တရာယ် ကြိုတင်ကာကွယ် တားဆီးရေးအတွက် အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြပွဲကို ကျင်းပပြုလုပ်သည်။
မတ္တရာမြို့နယ်၌  ပြည်သူ ၃၃၂၅၆ဦးအား ကိုဗစ်၁၉ကာကွယ်ဆေး ပထမအကြိမ်ထိုးနှံပေးပြီးဖြစ်
Oct 11,2021
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ်တွင် ကိုဗစ်၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများအား ကာကွယ်ဆေးများထိုးနှံပေးခြင်းလုပ်ငန်းကို အောက်တိုဘာလ ၁၁ ရက်နေ့က ဆက်လက်ထိုးနှံပေးလျက် ရှိရာ အထက(မတ္တရာ) အောင်ဆန်းခန်းမ၊ ကျေးရွာများမှ ဆေးထိုးစုရပ်များနှင့် အခြားမိုဘိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဦးစီး၍ ပြည်သူ့ ကျန်းမာရေး ဦးစီးဌာန၊  မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ပူးပေါင်းပါဝင်ဆောင်ရွက် ခဲ့ကြသည်။
ဗန်းမော်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရေး အသိပညာပေး ဆိုင်းဘုတ်စိုက်ထူ
Oct 11,2021
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် အသက်(၁၂)နှစ်အထက်ရှိ အခြေခံပညာ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် ဆေးထိုးနှံနိုင်ရေး "ကာကွယ်ဆေးဖြင့် လွှမ်းခြုံအပ်သောအနာဂတ် ပန်းခင်းများဆီသို့" အသိပညာပေးဆိုင်းဘုတ်များကို ယမန်နေ့ ညနေ ၃ နာရီမှ စ၍ လူစည်ကားရာ နေရာများတွင် စိုက်ထူလျက်ရှိကြောင်း သိရသည်။
မြောက်ဦးမြို့နယ်၊ အခြေခံပညာကျောင်းများမှ အသက်(၁၂)နှစ်အထက် အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူများ အားကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံနိုင်ရန် ဆောင်ရွက်ထားရှိမှု အခြေအနေများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခြင်း
Oct 11,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့နယ်တွင် အခြေခံပညာကျောင်းများ၌ ပညာသင် ကြားလျက်ရှိသော ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံပေးရန် စီစဉ်ဆောင်ရွက်နေတယ်လို့ သိရတဲ့အတွက် ကြိုတင်ဆောင်ရွက်ထားရှိမှု နှင့်ပတ်သက်၍ မြို့နယ်ပညာရေးမှူးနှင့် ယခုလိုတွေ့ဆုံမေးမြန်း ထားခြင်းဖြစ်ပါတယ်။