ကျောက်ဖြူမြို့၊ ပင်လယ်ကမ်းခြေ၌ ရွေ့လျားစာကြည့်တိုက်အား အပတ်စဉ် ဖွင့်လှစ်ဆောင်ရွက် လျက်ရှိရာ စာအုပ်စာပေဖတ်ရှုသူ ပိုမိုများပြားလာ
Oct 11,2021
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ရှိ ပင်လယ်ကမ်းခြေ၌ ရွေ့လျားစာကြည့်တိုက် Mobile Library အား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်းများက အပတ်စဉ် စနေနေ့တိုင်း ကွင်းဆင်း ဖွင့်လှစ်ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ်ထက် ယခုအကြိမ်တွင် စာအုပ်စာပေ ငှားရမ်းဖတ်ရှုသူ ပိုမိုများပြားလာကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။ “ကျွန်မတို့က ကျောက်ဖြူမြို့မှာရှိတဲ့ လူငယ်၊လူရွယ်တွေကို စာအုပ်စာပေတွေ လေ့လာဖတ်ရှုမှု ပိုမိုတိုးလာစေဖို့၊ စာပေဖတ်ရှုခြင်းကြောင့် အသိဉာဏ်ပညာ ဗဟုသုတများ တိုးပွားလာစေဖို့နဲ့ အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေဖို့ ရည်ရွယ်ပြီးတော့ အောက်တိုဘာလ ၂ ရက်နေ့ကစပြီး ဒီကမ်းခြေမှာ ရွေ့လျားစာကြည့်တိုက် Mobile Library ကိုဖွင့်လှစ်ခဲ့ပါတယ်၊ ပထမအကြိမ်ဖွင့်လှစ်ဆောင်ရွက်တုန်းက လာရောက်ဖတ်ရှုတဲ့သူတွေ နည်းပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ စာပေလေ့လာဖတ်ရှုသူတွေ တော်တော်ကြီးကို တိုးလာတာတွေ့ရပါတယ်”ဟု ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်ခင်ယုယုနွယ်က ပြောကြားသည်။