သတင်းများ

ခင်ဦးမြို့၌ မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ဆောင်ရွက်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေး
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ၂၀၂၁-၂၀၂၂ ခုနှစ် နွေစပါးစိုက်ပျိုးသော တောင်သူများအား ပုလဲဓာတ်မြေဩဇာအိတ်များ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၁ နာရီအချိန်က  ကျောင်းကုန်းမြို့နယ် စိုက်ပျိုးရေးဦးစီးရုံး၌ ကျင်းပခဲ့သည်။
ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ
Dec 20,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ အောင်ကိုဦး(UMK)၏ “ကတိစကားလေး တစ်ခွန်း” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။
ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်(Omiငron) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ချက်များလိုက်လံနိုးဆော်
Dec 20,2021
ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်ပြန့်ပွား မှုလျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omiငron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်းများ ကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယနေ့ နံနက်(၁၀)နာရီ က မြို့မဈေးကြီး နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြကြောင်း သိရသည်။
လှိုင်းဘွဲမြို့နယ် ဒိုင်းပြကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်အထိမ်းအမှတ် အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပ
Dec 20,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်း အမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က  ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စုတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဒီပဲယင်းမြို့နယ်၌ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) စံကွက်ရိတ်သိမ်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိ
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာ တောင်သူ ဒေါ်နီနီဝင်း၏ လယ်ကွင်း ကွင်းအမှတ် (၂၀၀၂) ဦးပိုင်အမှတ်(၉၃/၁) စိုက်ဧက(၈.၀၀)ဧက၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) စိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးပညာပေး ကွင်း ဝန်ထမ်းများက စံကွက်ရိတ်သိမ်း ခဲ့ကြောင်း သိရသည်။
မိုးမောက်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲပြုလုပ်
Dec 20,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို အများပြည်သူ အား သတိရအောက်မေ့ဂုဏ်ယူတတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် (၉)နာရီမှ ညနေ (၄)နာရီအချိန်ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။