လှိုင်းဘွဲ ဒီဇင်ဘာလ ၂၀
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊လှိုင်းဘွဲမြို့နယ်၊ ဒိုင်းပြကျေးရွာတွင် ကရင်အမျိုးသားနှစ်သစ်ကူး အထိမ်းအမှတ် အမျိုးသား၊ အမျိုးသမီး ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဖွင့်ပွဲအခမ်းအနားတွင် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့ တပ်နယ်(၂) ဒုတိယ ဗိုလ်မှူးကြီး စောကြာအင်းက ကရင်အမျိုးသားအားလုံးတို့၏ နေ့ထူးနေ့မြတ်ဖြစ်သော ကရင်အမျိုးသား နှစ်ပွဲကူးပွဲတော်ကို ပျော်ပွဲရွှင်ပွဲများ၊ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက် ကို အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန အာ/ကာမှူး ဒေါ်မိနန္ဒာမွန် က အားကစားပစ္စည်းများကို ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ အမျိုးသား၊အမျိုးသမီး ဘောလုံးပြိုင်ပွဲတွင် ၂၀၂၁ခုနှစ်၊ ဒီဇင်ဘာလ(၁၉)ရက်နေ့မှ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့ အထိ အမျိုးသားအသင်း(၁၂)သင်း၊ အမျိုးသမီးဘောလုံးအသင်း(၈)သင်းဖြင့် ပါဝင် ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း သိရှိရသည်။
စောဒိ(ပြန်/ဆက်)