သတင်းများ

ဒေးဒရဲမြို့၌ ပေါ်ဆန်းရင်စပါးစိုက်ပျိုးချိန် ပြောင်းလဲစိုက်ပျိုးသည့် စံကွက်ရိတ်သိမ်းပွဲ ကျင်းပ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ဆင်ကူးကျေးရွာ ကွင်းအမှတ် (၂၄၇)၊ ဦးပိုင်အမှတ် (၂၁/၁)ရှိ တောင်သူဦးထွန်းမြင့်အောင်၏ စံပြစိုက်ဧက (၄၀)တွင် မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနက ကြီးမှူး၍ ပေါ်ဆန်းရင်စပါး စိုက်ချိန်ပြောင်းလဲစိုက်ပျိုးသည့် စံကွက် ရိတ်သိမ်းပွဲ အခမ်းအနားအား ယမန်နေ့ ၁၁နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
ဝန်းသိုမြို့နယ် ဆပ်သွားကျင်းကျေးရွာတွင် မြေသားလမ်းစတင်ဖောက်လုပ်
Dec 20,2021
စစ်ကိုင်းတိုင်းဒေသကြီး၊ ဝန်းသိုမြို့နယ်၊ ဆပ်သွားကျင်းကျေးရွာတွင်၊ ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေး ဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် မူလမြေသား လမ်းအားလမ်းချဲ့ခြင်း လုပ်ငန်းကို ယမန်နေ့ကစတင်၍ ကျေးရွာဖွံ့ဖြိုးရေး လုပ်ငန်းကော်မတီ ဦးဆောင်မှု ဖြင့် ဖောက်လုပ်လျက်ရှိကြောင်း သိရသည်။
ဆွမ်ပရာဘွမ်မြို့၌ ခရစ္စမတ်လက်ဆောင်အဖြစ် ဝထ္တုငွေနှင့် Mask၊ လက်သန့်ဆေးရည်များ ပေးအပ်လှူဒါန်း
Dec 20,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့ပေါ်၌ ခရစ္စမတ်လက်ဆောင်အဖြစ် ဝထ္တုငွေနှင့် Mask၊ လက်သန့်ဆေးရည်များ လှူဒါန်းခြင်းကို ယနေ့နံနက်၉နာရီခွဲအချိန်ကအသင်းတော်အသီးသီးများထံတွင်ပေးအပ်လှူဒါန်းခြင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ပွင့်ဖြူမြို့နယ် ဇီးကိုင်းအုပ်စုကျေးရွာရှိ ဒေသခံပြည်သူများအား ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေး ကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေး
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးညွန့်ဝင်းထူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့က ယမန်နေ့ နံနက်ပိုင်းက ပွင့်ဖြူမြို့နယ် ဇီးကိုင်းအုပ်စုကျေးရွာသို့ သွားရောက်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား ဆောင်ရွက်လိုသော ဒေသခံပြည်သူများကို ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား အခမဲ့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့၌ ရေခဲသေတ္တာအပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှုဖြစ်ပွား
Dec 20,2021
 မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့၌ ယမန်နေ့ ည ၁၁ နာရီအချိန်ခန့်က  မြို့မရပ်ကွက်၊ မြတ်သီရိလမ်းတွင် ရေခဲသေတ္တာအပူလွန်ကဲရာမှ လူနေအိမ်တစ်လုံး မီးလောင်မှု ဖြစ်ပွားခဲ့ကြောင်းသိရ သည်။
ထူး​ကြီးမြို့ ၌ ကိုဗစ်ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး ၊ ဟင်္သာတခရိုင် ၊ အင်္ဂပူမြို့နယ် ထူးကြီးမြို့ ခန်းမ ဆေးထိုးစုရပ်တွင် ကိုဗစ်- ၁၉ ကာကွယ်ဆေးများကို ယနေ့နံနက်၉:၀၀နာရီအချိန်မှ စတင်ထိုးနှံ‌ပေးလျက်ရှိရာ  ထူးကြီးမြို့ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှပြည်သူများကို (ကိုဗစ် - ၁၉) Phase - 4 Second Dose ထိုးနှံမှုအား မြို့အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ဖြိုး နှင့်အုပ်ချုပ်ရေး အဖွဲ့များ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များမှ ကြီးကြပ်ကူညီဆောင်ရွက်ခဲ့ကြောင်းနှင့် ကာကွယ်ဆေးမထိုးမီ ကိုယ်အပူချိန်တိုင်းပေးခြင်း၊  သွေးပေါင်ချိန်ပေးခြင်းတို့ကို ဆောင်ရွက်၍ ကိုဗစ်- ၁၉ ရောဂါကာကွယ်ဆေး Phase - 4 Second Dose ထိုးနှံ မည့်သူများကို ကျန်းမာရေးဝန်ထမ်းများမှ ဆေးထိုးနှံပေးလျက်ရှိ‌ကြောင်းသိရသည်။ 
မင်းဘူးခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန Community Centre တွင် ကိုယ်ကာယကြံ့ခိုင်မှု လေ့ကျင့်ခန်း အားကစား လှုပ်ရှားမှုများ ဆောင်ရွက်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန (Community Centre ) တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ အားကစားနှင့် ကာယပညာ ဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်က (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကိုယ်ကာယ လေ့ကျင့်ခန်း Physical Fitness Dance သရုပ်ပြ ကပြခြင်းများ ဆောင်ရွက်ခဲ့သည်။
ပွင့်ဖြူမြို့နယ်တွင် အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိမှုမရှိစေရေး အသိပေးနှိုးဆော်
Dec 20,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်အတွင်း အသက် ၁၈ နှစ်နှင့်အထက် ပြည်သူများ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန်နှင့် ဆေးထိုးစုရပ်များသို့ သွားရောက်ပြီး၊ အသက် ၁၈ နှစ်အထက် ပြည်သူများ ကာကွယ်ဆေး ထိုးနှံမှုကျန်ရှိမှု မရှိစေရေး အသိပညာပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ညနေ ၅ နာရီအချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာန၊ မြို့နယ်မီးသတ် ဦးစီးဌာနတို့ပူး ပေါင်းအဖွဲ့က ပွင့်ဖြူမြို့နယ် ကူးတို့ဆိပ်ကျေးရွာ နှင့် မုန်းနားစုကျေးရွာများသို့ သွားရောက်ပြီး အသံချဲ့စက်ယာဉ်ဖြင့် အသိပညာပေး နှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။