မိုးမောက်မြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲပြုလုပ်

မိုးမောက်  ဒီဇင်ဘာ ၂၀

၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ကို အများပြည်သူ အား သတိရအောက်မေ့ဂုဏ်ယူတတ်စေရန်ရည်ရွယ်၍ ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ()နာရီမှ ညနေ ()နာရီအချိန်ထိ ခင်းကျင်းပြသသွားမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါစာအုပ်စာစောင်ပြပွဲသို့ လာရောက်ဖတ်ရှုသူများအား မြို့နယ်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သဲစုမိုးက စာအုပ်စာစောင်ပြပွဲ ဆောင်ရွက် ရခြင်းရည်ရွယ်ချက်နှင့် လွတ်လပ် ရေးနေ့ဖြစ်ပေါ်လာပုံများ ရှင်းလင်းပြောကြားပြီး ခင်းကျင်းပြသ ထားသော လွတ်လပ်ရေးနေ့နှင့် သက်ဆိုင် သောစာအုပ်စာစောင်များနှင့် အခြားဗဟုသုတရဖွယ် စာအုပ်စာစောင်များကို စာပေကိုချစ်မြတ်နိုးသည့် စာဖတ်ဝါသနာရှင်များ၊ ကျောင်းသား ကျောင်းသူများ၊ လူငယ်လူရွယ်များတို့က စာအုပ်စာစောင်များကို စိတ်ပါဝင်စားစွာဖြင့် ဖတ်ရှုလေ့လာကြကာ ကိုဗစ်-၁၉ ရောဂါကာလအတွင်း ယာယီရပ်ဆိုင်းထားသော စာအုပ် စာစောင်ငှားရမ်းခြင်းများကို ပြန်လည်ဝန်ဆောင်မှုပေးနေပြီဖြစ်ကြောင်းနှင့် စာအုပ်စာစောင် လာရောက်ငှားရမ်းရာတွင်လည်း ကိုဗစ်၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး စည်းကမ်းချက် များနှင့်အညီ စနစ်တကျငှားရမ်းပေးသွားမည်ဖြစ်ကြောင်း စာအုပ်စာစောင်ပြပွဲသို့ တက်ရောက် လာကြသူများထံ မြို့နယ်ဦးစီးမှူးက အသိပေးပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)