ခင်ဦး ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနနှင့် မြို့နယ်ပညာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး မူးယစ်ဆေးဝါးအန္တရာယ် သိကောင်းစရာ Talk Show အစီအစဉ်ကို ယမန်နေ့က ကျင်းပပြုလုပ် ခဲ့သည်။
အဆိုပါ Talk Show အစီအစဉ်တွင် အထက်တန်းကျောင်းအုပ် ဆရာမကြီး ဒေါ်ခင်မျိုးဝင်းက မူးယစ်ဆေးဝါးတွင် အဓိကအုပ်စုကြီး(၃)စုဖြစ်သည့် သဘာဝအလျှောက် ဖြစ်ပေါ်သည့် မူးယစ်ဆေးဝါး (ဥပမာ- ဘိန်း၊ ဆေးခြောက်)၊ တစ်စိတ်တစ်ပိုင်း ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသည့် မူးယစ်ဆေးဝါး(ဥပမာ-ဘိန်းဖြူ)၊ ဓာတ်ပြု ပစ္စည်းများဖြင့် ဓာတ်ပြုခြင်းမှ ထွက်ပေါ်လာသော မူးယစ်ဆေးဝါး (ဥပမာ-စိတ်ကြွရူးသွပ်ဆေး၊ စိတ်ပြောင်းဆေး) တို့အကြောင်း၊ မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ လူမှုရေးပိုင်းဆိုင်ရာ ထိခိုက်မှုများ စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စိုးဝေအောင်(ခင်ဦး)