ငါန်းဇွန်မြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ငါန်းဇွန်     ဒီဇင်ဘာ    ၂ဝ

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အပတ်စဉ် တနင်္လာနေ့တိုင်း ဝန်ထမ်းများ စာဖတ်ဝိုင်းကျင်းပလျက်ရှိရာ ယနေ့နံနက် ၁၀နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးဝန်ထမ်းများက စာရေးဆရာ အောင်ကိုဦး(UMK)၏ “ကတိစကားလေး တစ်ခွန်း” စာအုပ်ဖတ်ရှုပြီး စာဖတ်ဝိုင်း ပြုလုပ်ကြောင်း သိရသည်။

အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်နေခြည်ဦးက “ကတိစကားလေး တစ်ခွန်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဦးသက်နောင်ဦး(ဓာတ်ပုံကျွမ်းကျင်-၂)က“လိပ်ပြာ သန့်ပါစေ”ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ဒေါ်ချိုမြင့်ကြည်(စာကြည့်တိုက် လက်ထောက်-၃)က “သမီးငယ်လေး ဖန်ဆင်းတဲ့ သိကြားမင်း” ခေါင်းစဉ် ဖြင့်လည်းကောင်း၊ ဦးကိုကိုနိုင်(ရုပ်သံကျွမ်းကျင်-၃)က “သရက်ပင်ကြီး တစ်ပင်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဦးဘုန်းကျော်(အငယ်တန်းစာရေး)က “အသိအမှတ်လေးတော့ ပြုပေးပါ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ အောင်ကိုဦး(UMK)၏ “ကတိစကားလေး တစ်ခွန်း(လူငယ်များအတွက် အတွေးအမြင် စာစုများ)” စာအုပ်ပါ ခေါင်းစဉ်များအလိုက် မိမိတို့ ဖတ်ရှုလေ့လာနားလည်မှုများအား အပြန်အလှန်ရှင်းလင်း ဆွေးနွေးကြကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)