သတင်းများ

မှော်ဘီမြို့နယ်တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း(အိုမီခရွန်) ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ အရှိန်အဟုန်မြှင့် ဆက်လက်ဆောင်ရွက်
Dec 20,2021
ရန်ကုန်တိုင်းဒေသကြီး၊​​​ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ် အတွင်းကိုဗစ်-၁၉ဗီဇပြောင်း အိုမီခရွန်ရောဂါ ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် အသိပညာပေးနှိုးဆော်မှုများကို ကျယ်ကျယ်ပြန့်ပြန့် လိုက်လံဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်က လှည့်လည်အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်နေကြောင်း သိရသည်။
မြဝတီခရိုင် ပြည်သူ့စာကြည့်တိုက်တွင် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ ဆောင်ရွက်ပေးလျက်ရှိ
Dec 20,2021
ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ပြည်သူ့စာကြည့် တိုက်တွင် စာပေချစ်မြတ်နိုးသူများ စာပေဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူး တင်ဆက်ဆောင်ရွက်ပေးလျက်ရှိသည်။
ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနတွင် လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများဆွေးနွေးပွဲ (Talk Show) ဆောင်ရွက်
Dec 20,2021
၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ရောက်ရှိမည့် (၇၄) နှစ်မြောက် လွတ်လပ်‌ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဆွေးနွေးပွဲ(Talk Show) အစီအစဉ်ကို ဒီဇင်ဘာ (၂၀)ရက်နေ့ နံနက် (၁၀) နာရီ အချိန်ခန့်တွင် ကလိန်အောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြု ဗဟိုဌာန(Community Centre) ခန်းမ၌ ဆောင်ရွက်ခဲ့သည်။
တံတားဦးမြို့နယ် ပန်းယျကျေးရွာတွင် ဆောင်းကုလားပဲများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ
Dec 20,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ပန်းယျကျေးရွာတွင်  ကုလားပဲများအောင်မြင်ဖြစ်ထွန်းလျက် ရှိကြောင်းသိရသည်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ်တွင် ဆောင်ရွက်ထားသည့် မှတ်တမ်းဓာတ်ပုံများအား ပြည်သူများသိရှိစေရန် မြေစိုက်နံရံကပ်ပြဘုတ်တွင်ပြသ
Dec 20,2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများကို ယနေ့ နံနက် (၁၀) နာရီအချိန် က ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအဆင့်ရုံး (ဟိုပုံး) ရှေ့ရှိ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက် ထား‌ကြောင်း သိရသည်။
ဝမ်းတွင်းမြို့နယ်တွင် ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်မံထိုးနှံပေး
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်တွင် အသက်(၆၅)နှစ်အထက် ပြည်သူများနှင့် ဒေသခံ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm၊ FirstDose၊ SecondDose ထိုးနှံပေး ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က သက်ဆိုင်ရာ စုရပ်များတွင် ဆက်လက်ထိုးနှံပေးခဲ့ ကြောင်း သိရ သည်။
မလှိုင်မြို့၌ “ပန်းခင်းစီမံချက်” အကြောင်း ပြည်သူများသိရှိရန် LED Board မော်တော် ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်း ဆောင်ရွက်
Dec 20,2021
မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်၌ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော “ ပန်းခင်းစီမံချက် ” အကြောင်း ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင် စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့ပေါ်လူစည်ကားရာ နေရာများ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အမာမြို့၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါကာကွယ်ရေး အသိပညာပေး နှိုးဆော်လျက်ရှိ
Dec 20,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန် ရောဂါပိုးကို အခြားသောနိုင်ငံ များတွင် ထပ်မံတွေ့ရှိမှုများကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေး ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေ ရန်အတွက် အသိပညာပေးနှိုးဆော်ကြေညာခြင်းကို အမာမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်း များက ယနေ့ နံနက် (၉)နာရီခွဲအချိန်၌ Hand Speaker ဖြင့် မြို့ပေါ်ရပ်ကွက်များအတွင်း အသိပညာပေး ဆောင် ရွက်ခဲ့ကြောင်း သိရသည်။