ဖျာပုံ ဒီဇင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ “လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ဆောင်စို့” ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် ဖြင့် ရပ်ကွက်/ကျေးရွာများအရောက် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ကွင်းဆင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ပေးရာတွင် ကျေးရွာအတွင်းရှိပြည်သူများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ပြားများ ပြုလုပ်ပေးရခြင်းနှင့်ပတ်သက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ လဝကမှူး ဦးဇော်နိုင်က ရှင်းလင်းပြောကြားပြီး ဖျာပုံမြို့နယ် တင်ပုလွဲကျေးရွာအုပ်စုရှိ အသက် (၁၀)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြားမရှိသူများ၊ မှတ်ပုံတင်အသစ်လဲလှယ်ခြင်းများကို ပြုလုပ်ဆောင်ရွက်ပေးရာ လူဦးရေ (၁၄၈)ဦးအား၊ နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီး ဌာန၊ ဖျာပုံမြို့နယ် ဦးစီးမှူးရုံးမှ သိရှိရသည်။
အောင်ဝင်းနိုင်