ကျိုက်လတ်မြို့နယ်၌ကိုဗစ်-၁၉မျိုးရိုးဗီဇပြောင်းအိုမီခရွန်(Omiငron) ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနိုးဆော်ချက်များလိုက်လံနိုးဆော်

ကျိုက်လတ် ဒီဇင်ဘာ ၂၀

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါကူးဆက်ပြန့်ပွား မှုလျော့ကျစေရန်၊ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း အိုမီခရွန်(Omiငron) ရောဂါပိုး ကြိုတင်ကာကွယ်ရေး ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးထိုးနှံရာတွင် ပူးပေါင်း ပါဝင်နိုင်ရေး အသိပညာပေးနိုးဆော်ခြင်းများ ကို ကျိုက်လတ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ဝန်ထမ်းများ မှ ယနေ့ နံနက်(၁၀)နာရီ က မြို့မဈေးကြီး နှင့် ရပ်ကွက်များအတွင်း လှည့်လည်ကြေညာခဲ့ကြကြောင်း သိရသည်။         

ထိုသို့ဆောင်ရွက်ရာတွင် ကျိုက်လတ်မြို့နယ် အတွင်းရှိ ပြည်သူများအနေဖြင့် ယခုအချိန် တွင် ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်း မျိုးကွဲသစ်အိုမီခရွန်(Omiငron) ရောဂါပိုးသည် ရက်ပိုင်းအတွင်း နိုင်ငံ အများအပြားတွင် ကူးစက်ပျံ့နှံ့မှုများပြားလာနေပြီဖြစ်သည့်အတွက် ကိုဗစ်-၁၉ ရောဂါ ထိထိရောက် ရောက်ကာကွယ်နိုင်ရန် မိမိနေအိမ်တွင်သာနေထိုင်ကြရန်၊အရေးကြီးကိစ္စကြောင့် ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း(Mask )ကို စနစ်တကျ တပ်ဆင်ရန်၊ ပြင်ပမှလာသော ဧည့်သည်များအား လက်မခံရန်၊ နှာခေါင်း စည်း (Mask ) မတပ်ဆင်ထားသူများနှင့်တွေ့ဆုံခြင်း၊စကားပြောခြင်း၊ဈေးဝယ်ခြင်းမှရှောင် ကြဉ်ရန်၊ တစ်ခုခု ကိုင်တွယ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် စက္ကန့်၂၀ကြာအောင် စနစ်တကျဆေးရန်၊ မိမိတွင် ရောဂါပိုးကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှုခံယူကြပါရန် နှင့်ပြည်သူများ ကိုဗစ်-၁၉ရောဂါကို ထိထိရောက်ရောက် ကာကွယ်နိုင်ရန် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးများကို လည်းမပျက်မကွက်ထိုးနှံကြပါရန်(Hand Speaker)များဖြင့်လိုက်လံနိုးဆော် ကြေညာခဲ့ကြကြောင်း သိရသည်။

ဌေးဌေးလှိုင်