ဒီပဲယင်း ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဒီပဲယင်းမြို့နယ် ကံပြားကျေးရွာ တောင်သူ ဒေါ်နီနီဝင်း၏ လယ်ကွင်း ကွင်းအမှတ် (၂၀၀၂) ဦးပိုင်အမှတ်(၉၃/၁) စိုက်ဧက(၈.၀၀)ဧက၏ မိုးစပါး ရွှေဘိုပေါ်ဆန်း (ပေါ်ဆန်းရင်) စိုက်ခင်းကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန စိုက်ပျိုးပညာပေး ကွင်း ဝန်ထမ်းများက စံကွက်ရိတ်သိမ်း ခဲ့ကြောင်း သိရသည်။
အဆိုပါ စံကွက်ရိတ်သိမ်းရာတွင် စံကွက်အစိုထွက် ကောင်း(၁၁၇)တင်း သင့်(၉၇)တင်း ညံ့(၉၃)တင်း နှုန်းထွက်ရှိရာ တစ်ဧကပျမ်းမျှအစိုထွက်(၁၀၁)တင်း ထွက်ရှိကြောင်း သိရှိသည်။
ယခုလို စံကွက်ရိတ်သိမ်းခြင်းသည် တောင်သူများအား တစ်ဧကအထွက်နှုန်း ခန့်မှန်း သိရှိနိုင်ရန်အတွက် ရိတ်သိမ်းခြင်း ဖြစ်ကြောင်း စိုက်ပျိုးပညာပေး ကွင်း ဝန်ထမ်းများက အကျိုးဆောင် တောင်သူများအား ရှင်းလင်းဆွေးနွေး ခဲ့ကြောင်း သိရသည်။
သိန်းထွန်း(ဒီပဲယင်း)