ကော့ကရိတ် ဒီဇင်ဘာ ၂၀
ကျောင်းသား/သူများအနေဖြင့် လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို သိရှိပြီး လွတ်လပ်ရေးကို အမြတ်တနိုး တန်ဖိုးထားတတ်စေရန်၊ အသိဉာဏ်ပညာ ဗဟုသုတများ ပြည့်စုံ ကြွယ်ဝသည့် အနာဂတ်မျိုးဆက်သစ် လူတော်လူကောင်းများအဖြစ် ပေါ်ထွန်းလာစေရန်၊ ကာယစွည်းရည် တိုးတက်မြင့်မားလာပြီး ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်လိုစိတ်များ ဖြစ်ပေါ်လာစေရန်၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်များ ရှင်သန်ထက်မြက်လာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ စာအုပ်၊စာစောင်ပြပွဲနှင့် ကာယ စွမ်းရည်ပြိုင်ပွဲများကို ယနေ့ နံနက် (၁၀)နာရီခွဲအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ကော့ကရိတ်ခရိုင်ရုံး (Community Centre)ခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ ကာယစွမ်းရည်ပြိုင်ပွဲများဖြစ်သည့် ခါးလှည့်ကွင်းပြိုင်ပွဲနှင့် ခဲလုံးကောက်ပြိုင်ပွဲတို့တွင် အမက (၁၃) ကျောင်းမှ ကျောင်းသား/ သူ (၂၀)ဦးတို့က အသီးသီးဝင်ရောက်ယှဉ်ပြိုင်ခဲ့သည်။ ထို့နောက် ဘောလုံးနောက်ပစ် (၇) ယောက်တွဲပြိုင်ပွဲတွင် အဖွဲ့ (၃)ဖွဲ့မှ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး၊ အဆိုပါပြိုင်ပွဲဝင် ကျောင်းသား/သူများအား ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင် ဦးစီးမှူးနှင့် တာဝန်ရှိသူများက အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ ကြောင်း သိရ သည်။ဆက်လက်၍ ကျောင်းသား/သူများအနေဖြင့် အသိပညာဗဟုသုတများရရှိစေရန်နှင့် စာပေကို မြတ်နိုးတန်ဖိုးထားတတ်စေရန် ရည်ရွယ်၍ စာအုပ်၊ စာစောင်များကို အမျိုးအစား ပညာရပ်များ အလိုက် ခင်းကျင်းပြသခဲ့ရာ ပြပွဲသို့ တက်ရောက်လာသော ဆရာ၊ ဆရာမများ၊ ကျောင်းသား/ သူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာခဲ့ကြကြောင်း တွေ့ရသည်။
စောအောင်မျိုးလွင်(ပြန်/ဆက်)