စဉ့်ကိုင်မြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဆောင်းရာသီစိုက်ပျိုးရေးစရိတ်ချေးငွေများ ထုတ်ချေးပေးလျက်ရှိ

စဉ့်ကိုင်  ဒီဇင်ဘာ   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်  မြန်မာ့လယ်ယာဖွံ့ဖြိုးရေး   ဘဏ်ခွဲ မှမြို့နယ်အတွင်းရှိ  ကျေးရွာ  တောင်သူများကို   ၂၀၂၁ခုနှစ်  ဆောင်းရာသီအတွက်  စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးစရိတ် ချေးငွေများ ထုတ်ချေးပေးရာနှင့်ပတ်သက်၍ စဉ့်ကိုင်မြို့နယ် မြန်မာ့ လယ်ယာလယ်ယာ ဖွံ့ဖြိုးရေးဘဏ်ခွဲ မန်နေဂျာဦးကြည်စိုးက "ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး   ညွှန်ကြားချက်များနှင့်အညီ   ချေးငွေများ  ထုတ်ချေးပေး လျက်ရှိကြောင်း တောင်သူများကို နိုင်ငံတော်မှသက်သာသော အတိုးနှုန်းများဖြင့်စီးပွားရေး အဆင် ပြေစေရေးအတွက်  ဆောင်းသီနှံ စိုက်ပျိုးရေးစရိတ် ချေးငွေများ  ထုတ်ချေးပေးလျက်ရှိကြောင်း   ပဲအမျိုးမျိုး၊  နှမ်း၊ ကုလားပဲ၊ ကြက်သွန်နီ၊ ဝါ စသည့်သီးနှံများအတွက် တစ်ဧကလျှင် ကျပ် တစ်သိန်းနှုန်းဖြင့် ထုတ်ချေးပေးလျက်ရှိကြောင်း" ပြောကြားသည်။

စဉ့်ကိုင်မြို့နယ်    မြန်မာ့လယ်ယာ   ဖွံ့ဖြိုးရေးဘဏ်ခွဲ   အနေဖြင့်   ကျေးရွာ (၂၄) အုပ်စုမှ တောင် သူ (၇၁၉)ဦးတို့ကို ငွေကျပ်(၂၈၁၃၀၀၀၀ဝိ/)သိန်းအား ထုတ်ချေးပေးခဲ့ပြီးဖြစ်ရာ ကျန်ရှိနေသော ကျေးရွာအုပ်စုများမှ    တောင်သူ များကိုလည်း   ချေးငွေ အမြန်ဆုံး   ထုတ်ချေးပေးနိုင်ရေး     ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ဒေါ်ညိုညိုဝင်း