ကန့်ဘလူ ဒီဇင်ဘာ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများကို အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများ၊ အကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသည့် ဦးတည်အုပ်စုများမှ ပြည်သူများအား ပဥ္စမအသုတ် ပထမ အကြိမ်အဖြစ် ကန့်ဘလူမြို့ ခုတင် ၁၀၀ ပြည်သူ့ဆေးရုံ၌ ယမန်နေ့ နံနက် ၈ နာရီမှစတင် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင် မြို့နယ်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ကျန်းမာရေး န်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပရဟိတအသင်း အဖွဲ့ဝင်များက ပူးပေါင်းကူညီ ဆောင်ရွက်ပေးကြပြီး မြို့နယ်ပြည်သူ့ကျန်းမားရေး ဦးစီးဌာနမှ ဝန်ထမ်းများက ကာကွယ် ဆေးများ စနစ်တကျ ထိုးနှံပေးကြသည်။
ကန့်ဘလူမြို့နယ်အတွင်းရှိ အသက် ၁၈ နှစ်အထက် ဒေသခံပြည်သူများအား ပဥ္စမအသုတ် ပထမအကြိမ်အဖြစ် ဒီဇင်ဘာ ၂၀ ရက်နှင့် ၂၁ ရက်များတွင်လည်း ဆက်လက်ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ သိရသည်။
အောင်ဝင်းငြိမ်း(ကန့်ဘလူ)