တောင်သာ ဒီဇင်ဘာ ၂၀
မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည် သူအင် အားဝန်ကြီးဌာနမှ ဆောင်ရွက်လျက်ရှိသော ပန်းခင်းစီမံချက် အကြောင်းပြည်သူများကျယ် ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန် LED Board မော်တော်ယာဉ်ဖြင့် အသိပညာပေးခြင်းနှင့်လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယမန်နေ့ ညနေ(၄)နာရီအချိန်က မြို့ပေါ်လူစည်ကား ရာနေရာများ၌ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီးဌာန တောင်သာမြို့နယ်ရုံးမှ ပန်းခင်းစီမံချက် ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် ပြည်သူများကိုင်ဆောင်သင့်သော ကတ်တစ်မျိုးမျိုးရရှိရေး ကို ၂၀၂၁ ခုနှစ် ၊ မေလ(၃)ရက်နေ့မှစတင်၍ ဆောင်ရွက်ပေးလျက်ရှိရာ ဒေသခံပြည်သူများ အနေဖြင့် ပန်းခင်းစီမံချက်အကြောင်း ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရန် လူစည်ကားရာနေရာများဖြစ်သည့် ရန်ကုန်-မြင်းခြံ ကားလမ်း၊ နာရီစင်ရှေ့၊ မြို့တော်စည်ပင်သာယာဈေးရှေ့၊ ဇဂျမ်းလမ်းဆုံ၊ နွားထိုးကြီး-တောင်သာ ကားလမ်း၊ မိတ္ထီလာ-တောင်သာ ကားလမ်း၊ ကျောက်ပန်းတောင်-တောင်သာကားလမ်းပေါ်ရှိ LED Board မော်တော်ယာဉ်ဖြင့် ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်ပေးလျက်ရှိသော လုပ်ငန်းများကို ပညာပေးပြသခဲ့သည်။
အဆိုပါ အသိပညာပေးဆောင်ရွက်ရာတွင် ခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူအင်အားဝန်ကြီး ဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးမျိုးမြင့်ဆွေ မှဦးဆောင်၍ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးရန်နိုင်စိုး၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ အင်အားဦးစီးဌာနမှ ဦးတင်ကိုကိုဝင်းနှင့်ဝန်ထမ်းများက လက်ကမ်းစာစောင်ရေ(၃၀၀၀)ခန့်ကိုပြည်သူများအားသိရှိအောင် ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
ကျော်မျိုးနိုင်(တောင်သာ)