ပုသိမ်ကြီးမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်တွင် ဆောင်ရွက်ချက်မှတ်တမ်းဓာတ်ပုံများမြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသဆောင်ရွက်ထားရှိ

ပုသိမ်ကြီး   ဒီဇင်ဘာ   ၂၀

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံးမှ ရုံးရှေ့တွင် ပြသထားသောမြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ် စာစောင်များကို လစဉ်အသစ် လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ   ၁၈ ရက် နေ့လည်ပိုင်းက နိုင်ငံ တော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက် (၉)ရပ်မှတ်တမ်း ဓာတ်ပုံများကိုပြသဆောင်ရွက်လျက်ရှိသည်။

အဆိုပါ နံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်းဓာတ်ပုံ အချို့အား ဒေသခံပြည်သူများမှလာရောက်ကြည့်ရှုကြကြောင်း  သိရသည်။

မြို့နယ်(ပြန်/ဆက်)