ကံမ ဒီဇင်ဘာ ၂၀
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်၌ ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနှံပေးခြင်းနှင့် ကာကွယ်ဆေးထိုးရန် ကျန်ရှိနေသည့် ပြည်သူများအား မြို့နယ်သာသနာ့ ဗိမာန်၌ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Sinopham) ထိုးနှံပေးခြင်း အား ဆက်လက် ထိုးနှံပေး လျက်ရှိကြောင်း သိရသည်။
ထိုသို့ကာကွယ်ဆေးထိုးနှံရာတွင် ကာကွယ်ဆေးထိုးခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်းများ လုပ်ငန်းများ ဆောင်ရွက်ပြီး မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများက ကာကွယ်ဆေး ထိုးနှံသူများ၏ အမည်စာရင်း ဖြည့်သွင်းခြင်း၊ မီးသတ်တပ်ဖွဲ့ဝင်များက သက်ကြီး ဘိုးဘွားများနှင့် မသန်စွမ်းသူများအား ကူညီဆောင်ရွက်ခြင်း လုပ်ငန်းများအား ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။
ကျော်ဇေယျဝင်း(ကံမ)