ကံမမြို့နယ်၌ ပြည်သူများ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေးနှိုးဆော်

ကံမ ဒီဇင်ဘာ  ၂၀

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်အတွင်း ဒေသခံပြည်သူများကိုဗစ်၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်နိုင်ရန်နှင့် ကာကွယ်ဆေး မဖြစ်မနေထိုးနှံကြရန် အသိပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေ  ၅ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ဝန်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍ အမှတ် (၂)ရပ်ကွက်  ဌာနကုန်းရပ်၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ဒေသခံပြည်သူများ ကိုဗစ်-၁၉ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင် ကာကွယ်နိုင်ရေးအတွက် မိဘပြည်သူများအနေဖြင့် အိမ်တွင်း၌သာနေထိုင်ကြရန်၊ နေအိမ်ပြင်ပသို့ သွားရောက်ရန်ရှိပါက ပါးစပ်နှင့် နှာခေါင်းစည်းစနစ်တကျ တပ်ဆင် သွားလာကြရန်၊ လက်ကိုစက္ကန့် ၂၀ ကြာဆေးကြောကြရန်၊ လူစုလူဝေးပြုလုပ်ခြင်းများ ရှောင်ကျဉ်ကြရန် ရောဂါကူးစက်မှု လျော့နည်းပပျောက်စေရေးအတွက် ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ အသိပညာပေး လမ်းညွှန်ချက်များကို ပြည်သူများအားလုံး ကိုယ်စီလိုက်နာကြပြီး ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)