လမိုင်းမြို့တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ ဦးတည်ချက် (၉)ရပ် မှတ်တမ်းဓါတ်ပုံများ ပြသပေး

လမိုင်း ဒီဇင်ဘာ ၂၀

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လမိုင်းမြို့ရုံးမြေစိုက် နံရံကပ်ပြဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့်  ဦးတည်ချက်(၉)ရပ်ပါ မှတ်တမ်းဓာတ်ပုံများ  ပြသထားရာ ယနေ့နံနက်ပိုင်းက ပြည်သူများ လာရောက် ကြည့်ရှု ကြကြောင်း သိရသည်။

အဆိုပါနံရံကပ်စာစောင်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ချမှတ်၍ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည့် မှတ်တမ်းများ၊ မှတ်တမ်း ဓာတ်ပုံအချို့အား ဒေသခံပြည်သူများနှင့်   ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ မိဘပြည်သူများမှ လာရောက် ကြည့်ရှုကြကြောင်း သိရသည်။

လမိုင်း(ပြန်/ဆက်)