ကမမောင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အကြို ဟောပြောပွဲ ကျင်းပဆောင်ရွက်

ကမမောင်း ဒီဇင်ဘာ ၂၀

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် စာပေမှရရှိသည် အကျိုးကျေးဇူးများကို သိရှိိစေရန်နှင့် နေ့ထူးနေ့မြတ်များ အကြောင်း သိရှိစေရန် ရည်ရွယ်၍ ၂၀၂၂ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက် မည့် (၇၄) နှစ်မြောက် လွတ်လပ်ရေးနေ့ အကြို အထိမ်းအမှတ်အဖြစ် ဟောပြောပွဲကို ယနေ့‌နေ့လယ်ပိုင်း အချိန်က ကမမောင်းမြို့ ပြည်သူ့စာကြည့်တိုက်ရှိ လူထုအခြေပြု ဗဟိုဌာန (Community  Centre) ခန်းမတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ယဉ်ယဉ်အေးက ကျောင်းသား/သူ လူငယ်လူရွယ်လေး များ နေ့ထူးနေ့မြတ်နေ့ရက်များကို အစဉ်အမြဲ သတိရစေရန်အတွက် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ သမိုင်းကြောင်းများ၊ လွတ်လပ်ရေး၏ အဓိပ္ပာယ်၊ ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းကြောင်းများ စသည့်လွတ်လပ်ရေးနေ့နှင့် ပတ်သက်သည့် သိကောင်းစရာများကို ကျောင်းသား/သူများတို့အား အသိပညာပေး ဟောပြောခဲ့ ကြောင်း သိရှိရသည်။

ခင်စန်းမြင့် ပြန်/ဆက်