သတင်းများ

ကျောက်မဲမြို့နယ်တွင် အားကစားဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲနှင့် အားကစားပစ္စည်း ထောက်ပံ့ပေးအပ်ပွဲကျင်းပ
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ပူးပေါင်း၍  ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ အားကစားဆိုင်ရာ သိကောင်းစရာဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။ 
တောင်ငူမြို့၌ ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင်ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက် လေ့ကျင့်ခန်းဆောင်ရွက်
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ်သဘာဝဘေး ကော်မတီ​၏ ဦးဆောင်မှု၊ လုပ်ငန်းကော်မတီများ​၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် မြို့နယ်အဆင့် ဌာန ဆိုင်ရာများမှ ကိုယ်စားလှယ်(၄၅)ဦးတို့ ပါဝင်သော ငလျင်ဘေးအန္တရာယ် ကြိုတင်ပြင်ဆင် ရေးနှင့် တုံ့ပြန်ရေး ဇာတ်တိုက်လေ့ကျင့်ခန်း အခမ်းအနားကို ဘေးအန္တရာယ်ဆိုင်ရာ စီမံ ခန့်ခွဲမှုဦးစီးဌာန၊ တောင်ငူခရိုင် ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
မချမ်းဘော့မြို့တွင် ကိုယ်လက်လှုပ်ရှားအားကစား Physical Fitness Dance အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းဆောင်ရွက်
Dec 22,2021
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
သင်္ဃန်းကျွန်းမြို့နယ် သန့်ရှင်းသာယာလှပစေရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ် ပိတ်ပေါင်းများ  ခုတ်ထွင်ရှင်းလင်းဆောင်ရွက်
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် သန်ရှင်းသာယာလှပစေရေးနှင့်  အမြင်တင့်တယ်စေရေးအတွက် ဆ/ကရပ်ကွက်၊ ကျိုက္ကစံဘုရားဝန်းအတွင်းနှင့် ကျိုက္ကစံဘုရား လမ်းမကြီးဘေးဘက်ဝဲ၊ ယာ လမ်းတစ်လျှောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ကြီးကြပ် မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ တွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပ
Dec 22,2021
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီး‌လုပ်ကွက်ဟောင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွား
Dec 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ယနေ့နံနက် (၄)နာရီခွဲအချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံမြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ဘုတ်တွင်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Phase-4 ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ           
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ပြည်သူ့ဆေးရုံအဟောင်း၌ ဆေးထိုးစုရပ်(၂)နေရာ၊ ဆေးထိုးစုရပ်(၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။