မချမ်းဘော့ ဒီဇင်ဘာ ၂၂
ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ မချမ်းဘော့မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်−၁၉ ရောဂါ ဖြစ်ပွားနေသည့် ကာလအတွင်း ပြည်သူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ကိုယ်လက်လှုပ်ရှား အားကစားအစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ မွန်းလွဲ ၂ နာရီက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကိုယ်လက်လှုပ်ရှားအားကစားအစီအစဉ် ရိုက်ကူးခြင်းများဆောင်ရွက်ရာတွင် ပြည်သူများ ကျန်းမာရေးနှင့် ကိုယ်ခံအားစနစ် ကောင်းမွန်ပြီး ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန် ရည်ရွယ်၍ ရိုက်ကူးခြင်းဖြစ်ကြောင်း၊ ပြည်သူများ၏ နေ့စဉ်ဘဝလှုပ်ရှားမှုများ၌ ကျန်းမာရေးအတွက် ကိုယ် လက်လှုပ်ရှားမှုများကို အသက်အရွယ်မရွေးပြုလုပ်နိုင်သည့် အားကစားနည်းများကို လိုက်ပါကစား နိုင်ရန်သရုပ်ပြကစားခြင်းဖြစ်ပြီး online မှတစ်ဆင့် အတူလိုက်ပါကစားနိုင်စေရန် မချမ်းဘော့မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှ Physical Fitness Dance အဖွဲ့က သရုပ်ပြတင်ဆက်ရိုက်ကူးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)