သတင်းများ

သာသနဓ‌ဇဓမ္မာစရိယဘွဲ့ရရှိတော်မူသော ဆရာတော်အား ဂုဏဝိသိဌ စာအောင်ဂုဏ်ပြုပူဇော်ပွဲ အခမ်းအနားကျင်းပ
Dec 22,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်၊ ကာမိုင်းမြို့ရှိ လင်းရောင်ခြည်စာသင်တိုက်တွင် သီတင်းသုံးတော်မူလျက်ရှိသော ကျောင်းထိုင်ဆရာတော် အရှင်ပညိဿရအား သာသနဓဇဓမ္မာစရိယဘွဲ့တံဆိပ်တော် ကပ်လှူဂုဏ်ပြုပူဇော်ပွဲအား ယနေ့နံနက် ၉ နာရီခန့်က ကာမိုင်းမြို့ မြစိမ်းရောင်ရပ်ကွက်ရှိ လင်းရောင်ခြည်ကျောင်းတိုက်တွင် ကျင်းပခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် စက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနား တက်ရောက်
Dec 22,2021
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့နှင့် မုံရွာစက်မှုဇုန် လုပ်ငန်းကော်မတီများနှင့် တွေ့ဆုံဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန် က တိုင်းဒေသကြီးအစိုးရအဖွဲ့ ရုံးဝန်းအတွင်းရှိ ချင်းတွင်ခန်းမတွင် ကျင်းပရာ တွေ့ဆုံပွဲ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ မုံရွာစက်မှုဇုန် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ လုပ်ငန်းရှင်များ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ကရင်ပြည်နယ်အစိုးရအဖွဲ့နှင့်ပြည်နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ
Dec 22,2021
ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမိုထိရောက် မြန်ဆန်စေရေးအတွက် ကရင်ပြည်နယ် အစိုးရအဖွဲ့နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ (၅/၂၀၂၁)ကြိမ်မြောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီခန့်က ပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)၌ ကျင်းပသည်။
မတ္တရာမြို့နယ်၌ ၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကျင်းပ
Dec 22,2021
၇၄နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ကျောင်းတွင်းအားကစားပြိုင်ပွဲများကို ပြင်ဦးလွင်ခရိုင် မတ္တရာမြို့နယ် အခြေခံပညာအထက်တန်းကျောင်း အ.ထ.က(မတ္တရာ)တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre တွင် စာဖတ်ဝိုင်းကျင်းပပြုလုပ်
Dec 22,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ လူထုအခြေပြုဗဟိုဌာန Community Centre ပြည်သူ့ စာကြည့်တိုက်ခန်းမတွင် ယနေ့ နံနက် ၁၁ နာရီအချိန်က လားရှိုးမြို့ပေါ်ရှိ အခြေခံကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၁၈)ဦးတို့အား ဖိတ်ခေါ်ကာ စာရေးဆရာကျော်ဝင်း၏ နှစ်ဆယ့်တစ်ရာစု သားရွှေဥစာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။
အင်္ဂပူမြို့နယ်၌ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးရန် မကျန်ရှိတော့ကြောင်း ထောက်ခံချက် ပေးအပ်ပွဲနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနားကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက် (၁၀:၀၀) နာရီ အချိန်က အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား စောလျှင်စွာပြီးစီးခဲ့သော ရပ်ကွက် / ကျေးရွာအုပ်စုများအား ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲ အခမ်းအနား ကျင်းပခဲ့သည်။
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးသို့ ပြည်နယ်ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက်
Dec 22,2021
ချင်းပြည်နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ယနေ့နံနက် (၁၀)နာရီက ပြည်နယ်အစိုးရးအဖွဲ့ရုံးခန်းမ၌ ကျင်းပရာ ပြည်နယ် ဝန်ကြီးချုပ် ဦးငွန်ဆန်းအောင် တက်ရောက် အမှာစကားပြောကြားသည်။
သရက်ချောင်းမြို့နယ်တွင် မီးဘေးလုံခြုံရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Dec 22,2021
တနင်္သာရီတိုင်းဒေသကြီး၊ ထား၀ယ်ခရိုင်၊ သရက်ချောင်းမြို့တွင် မီးဘေးလုံခြုံရေး အသိပညာ ပေးလက်ကမ်းစာစောင်ဖြန့်‌ဝေခြင်းကို ယနေ့နံနက်(၉)နာရီက  ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်ခဲ့သည်။