မင်္ဂလာဒုံ ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမတွင် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာဖတ်ဝိုင်းပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ စာဖတ်ဝိုင်းတွင် မင်္ဂလာဒုံမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ(တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က စာပေချစ်မြတ်နိုးသူများ အချင်းချင်း တစ်ဦးနှင့် တစ်ဦး အပြန်အလှန် ဆွေးနွေးသည့် အလေ့အကျင့်များရှိစေရန်အတွက် စာဖတ်ဝိုင်း ဆောင်ရွက်ရခြင်း၊ စာပေဖတ်ရှုခြင်းဖြင့် မိမိကိုယ်ကို ယုံကြည်မှုရှိပြီး အမှား၊ အမှန်ကို ကိုယ်တိုင် ဝေဖန်ပိုင်းခြားနိုင်ခြင်းစသည့် စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ (တာဝန်ပေး) ဒေါ်သန္တာမြင့်မြင့်ကျော်က စာရေးဆရာမ ဒေါက်တာ မတင်ဝင်းရေးသားသည့် "အတွေးမှန်ကူ ကွက်များ" စာအုပ်မှ ကိုယ်ရည်ကိုယ်သွေးမွေးလို့ရတယ်။ ခေါင်းစဉ်တွင် ပါဝင်သည့် အကြောင်း အရာများကို ပြောကြားရှင်းလင်းခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာအုပ်ပါအကြောင်းအရာများကို တစ်ဦးနှင့် တစ်ဦး အပြန်အလှန် အကျဉ်းချုပ် ဆွေးနွေးခဲ့ကြသည်။ အဆိုပါ စာဖတ်ဝိုင်းကို ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Centre ခန်းမတွင် တစ်လတစ်ကြိမ် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
သန္တာ(ပြန်/ဆက်)