မြန်အောင်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ

မြန်အောင်  ဒီဇင်ဘာ  ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  မြေစိုက်နံရံကပ် ဘုတ်တွင်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အသိပညာပေး နံရံကပ်စာစောင်များတွင် မသန်စွမ်းမှုဖြစ်ရခြင်း အကြောင်းအရင်းများ၊ မသန်စွမ်းမှု အမျိုးအစားများ၊ မသန်စွမ်းသူများ၏ သွင်ပြင်လက္ခဏာများ၊ မသန်စွမ်းသူများ၏ အခြေခံအခွင့်အရေးများ၊ မသန်စွမ်းသူများအတွက် ခွဲခြားမှုမရှိ သောပတ်ဝန်းကျင်နှင့် အဟန့်အတားကင်းသော ပတ်ဝန်းကျင် အခြေအနေ အသိပညာပေး ဖော်ပြချက်များနှင့် ကိုယ်အင်္ဂါ မသန်စွမ်းသူများနှင့် ဆက်သွယ်ဆောင်ရွက်၍ ရနိုင်သော နည်းလမ်းများကို မှတ်တမ်းဓါတ်ပုံများဖြင့် အများပြည်သူ လေ့လာဖတ်ရှု နိုင်ရေးအသိပညာပေး ခင်းကျင်းပြသထားပြီး ကျောင်းသား၊ ကျောင်းသူများ ကြည့်ရှုခဲ့ကြောင်းသိရသည်။

မြို့နယ်  (ပြန်/ဆက်)

ဝင်းဗိုလ် (မြန်အောင်)