ကျောက်မဲ ဒီဇင်ဘာ ၂၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်း၍ ကျောက်မဲမြို့နယ်၊ အမှတ် ၂ အခြေခံပညာ အထက်တန်းကျောင်း၊ ပတ္တမြားခန်းမ၌ အားကစားဆိုင်ရာ သိကောင်းစရာဟောပြောပွဲနှင့် အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျင်းပ ပြုလုပ်ခဲ့သည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ် အားကစားမှူး ဒေါ်မော်မော်ဝင်းက အားကစား အမျိုးအစားများအကြောင်း၊ အားကစား ပြုလုပ်ခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများနှင့် အားကစားနှင့် ကာယပညာ သိပ္ပံကျောင်းတို့တွင် ဝင်ရောက်အရွေးချယ်ခံနိုင်ရေး သိကောင်းစရာများတို့ကို ဆွေးနွေး ဟောပြောခဲ့သည်။
ယင်းနောက် အမှတ် ၂ အခြေခံပညာအထက်တန်းကျောင်းအတွက် အားကစားပစ္စည်းများ ဖြစ်သည့် ဘောလုံး၊ ဘော်လီဘောနှင့် ခြင်းလုံးများ ထောက်ပံ့လှူဒါန်းခြင်း၊ နည်းပြအဖွဲ့များမှ သရုပ်ပြကပြခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မိုင်းထွန်း (ပြန်/ဆက်)