ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Phase-4 ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ           

ဝေါ ဒီဇင်ဘာ ၂၂

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ပြည်သူ့ဆေးရုံအဟောင်း၌ ဆေးထိုးစုရပ်(၂)နေရာ၊ ဆေးထိုးစုရပ်(၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ကာကွယ်ဆေး ထိုးနှံပေးရာတွင် Sinopharm Phase-4 ဆေးအမျိုးအစား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို လူဦးရေ (၁၂၃၁၁) ဦးတို့ကို ပထမအကြိမ်အဖြစ် ကာကွယ်ဆေး ထိုးနှံ ပေးခဲ့ပြီး ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးသွားမည်ဖြစ်ပြီး ကာကွယ်ဆေး ထိုးနှံပေးရာတွင် ဝေါမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ကြီးကြပ်၍ မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက သတ်မှတ်စည်းကမ်းချက်များနှင့် အညီ ထိုးနှံပေးလျက် ရှိသည်။

ဝေါမြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါ အန္တရာယ် ကင်းဝေးစေရန်နှင့် ကူးစက်ပြန့်ပွားမှု လျော့နည်း ပပျောက်စေရေးအတွက် ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးလျက်ရှိပြီး ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးရန်ကျန်ရှိသည့် ပြည်သူများကို လည်း သက်ဆိုင်ရာ ဆေးထိုးစုရပ်များအလိုက် ဝေါမြို့နယ်အတွင်း ၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလ (၂၂)၊ (၂၃)၊ (၂၄) ရက်အတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး Sinopharm Phase-4 ပထမအကြိမ် ဆေးထိုးနှံပြီးသူများအား ဒုတိယအကြိမ် ကာကွယ်ဆေးများကို မပျက်မကွက် ကာကွယ်ဆေး သွားရောက် ထိုးနှံနိုင်ရေးအတွက် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက သံချဲ့စက်ဖြင့် နေ့စဉ်အသိပေး နှိုးဆော်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။  

အောင်မြတ်လင်း( ပြန်/ဆက်)