Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
သတင်းများ
Breadcrumb
Home
>
ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ"အိုမီခရွန်"ရောဂါပိုးကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုများ ဆောင်ရွက်
Dec 23,2021
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမမောင်းမြို့တွင် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ "အိုမီခရွန်" ရောဂါ ကူးစက်ပြန့်ပွားမှုကို ကာကွယ်တားဆီးထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးခြင်း လုပ်ငန်း များကို ဒေသနေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြစေရန်အတွက် အသိပညာ ပေးနှိုးဆော်မှုလုပ်ငန်းကို နေ့စဉ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ က အရှိန်အဟုန်မပြတ် နေ့စဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်မြို့၌ တစ်ကြိမ်စိုက် နှစ်သီးစား ငရုတ်တောင်သူများ ဝင်ငွေကောင်းလျက်ရှိ
Dec 23,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့၌ ဆောင်းသီးနှံ စိုက်ခင်းများ တွင် ငရုတ်စိုက်၍ တစ်ကြိမ်စိုက် နှစ်သီးစားကာ ဝင်ငွေကောင်းလျက်ရှိကြောင်း ငရုတ်သီးစိုက် တောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မွန်ပြည်နယ်ဝန်ကြီးချုပ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အမှုတွဲခန်း RC(၃) ထပ် အဆောက်အဦနှင့် RC (၂)ထပ်ရုံး တည်ဆောက်ခြင်းလုပ်ငန်း ပန္နက်တင်မင်္ဂလာ အခမ်းအနားကျင်းပ
Dec 23,2021
မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ပြည်နယ်ဘဏ္ဍာ ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့်အမှုတွဲခန်း RC (၃)ထပ် အဆောက်အဦဖွင့်ပွဲနှင့် RC (၂)ထပ်ရုံး တည်ဆောက်ခြင်း လုပ်ငန်း ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့နံနက် ၈နာရီခွဲ က မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် ကျင်းပခဲ့ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်း၊ ပြည်နယ်ဝန်ကြီးများနှင့် ဌာနဆိုင်တာဝန်ရှိသူများ တက်ရောက်ကြသည်။
အပြည့်အစုံ ဖတ်ရန်
ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအားလုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ပဉ္စမအသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေး
Dec 23,2021
မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီးသူများအား လုံးကို ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ဒီဇင်ဘာ ၇ရက်နေ့မှစ၍ မြို့နယ်အတွင်း ဇုံနယ်မြေအလိုက် ဆေးထိုးစုရပ် သတ်မှတ်နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပဉ္စမ အသုတ် ပထမအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
စဉ့်ကိုင်မြို့နယ်တွင် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်ဖြင့် လှည့်လည်၍ ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး ၊ ကျောက်ဆည်ခရိုင် ၊စဉ့်ကိုင်မြို့နယ်တွင် ယမန်နေ့ နံနက်(၉)နာရီက လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး၏ အစီအစဉ်ဖြင့် ရောက်ရှိလာသည့် ပန်းခင်းစီမံချက် အသိပညာပေး LED Board မော်တော်ယာဉ်နှင့် မြို့ပေါ်တွင် အသိပညာပေးခြင်းများ လှည့်လည်ဆောင်ရွက်ခဲ့ကြပြီး လူစည်ကားရာနေရာများတွင် ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးညှင်းမြို့နယ်၌ အခြေခံပညာစာသင်ကျောင်း(၂၀၀)ရှိသည့်အနက် ကျောင်းပေါင်း(၁၈၀)ထိ ဖွင့်လှစ်ခဲ့၍ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိ
Dec 23,2021
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်း(၂၀၀) ရှိသည့်အနက် ဒီဇင်ဘာ(၂၂)ရက်နေ့ အထိ စာသင်ကျောင်း (၁၈၀)ကျောင်း ဖွင့်လှစ်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
မေတ္တာမြို့၌ မီးသတိမူရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးအတွက် အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေ
Dec 23,2021
ပွင့်လင်းရာသီရောက်ရှိနေပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေး၊ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ထားဝယ်-မေတ္တာဟိုင်းဝေး ကားလမ်းမကြီးပေါ် ဖြတ်သန်းသွားလာသော ပြည်သူများအား ယမန်နေ့ နံနက်ပိုင်းက အသိပညာပေး လက်ကမ်း စာစောင်များဖြန့်ဝေခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် မီးသတ်တပ်ဖွဲ့မှ မီးဘေးအန္တရာယ်သတိပြုရေး စတေကာ Campaign နှင့် ပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေ
Dec 23,2021
ကော့သောင်းမြို့တွင်း မောင်းနင်သွားလာလျက်ရှိသည့်မော်တော်ယာဉ်များ၊ မော်တော်ဆိုင်ကယ် များနှင့် လမ်းထွက်သွားလာနေကြသူများအား မီးဘေးအန္တရာယ် သတိမှုရေးစတေကာ Campaign နှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်လှုပ်ရှားမှု တစ်ရပ်ကို ကော့သောင်းမြို့၊ ကမ်းနားလမ်းနှင့် ပိတောက်ရွှေဝါရပ်ကွက်၊ အဝိုင်းပတ်လမ်းဆုံတို့၌ ခရိုင် မီးသတ်တပ်ဖွဲ့မှ ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
22252
Page
22253
Page
22254
Page
22255
Current page
22256
Page
22257
Page
22258
Page
22259
Page
22260
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department