သင်္ဃန်းကျွန်း ဒီဇင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ် သန်ရှင်းသာယာလှပစေရေးနှင့် အမြင်တင့်တယ်စေရေးအတွက် ဆ/ကရပ်ကွက်၊ ကျိုက္ကစံဘုရားဝန်းအတွင်းနှင့် ကျိုက္ကစံဘုရား လမ်းမကြီးဘေးဘက်ဝဲ၊ ယာ လမ်းတစ်လျှောက်ရှိ သစ်ပင်၊ သစ်ကိုင်းများ၊ ချုံနွယ်ပိတ်ပေါင်းများ ရှင်းလင်းခြင်းကို ယနေ့ နံနက် ၇ နာရီက မြို့နယ်စည်ပင်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်း ကြီးကြပ် မှုဖြင့် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင် ပန်းဥယျာဉ်ဌာန၊ ရေစီးရေလာနှင့် သန့်ရှင်းရေးဌာန၊ လမ်းတံတားဌာန၊ စီမံရေးရာဌာနများမှ ဝန်ထမ်းများ စုပေါင်း၍ လမ်းမကြီးဘေးဘက် ဝဲ၊ ယာမှ သစ်ပင်၊ သစ်ကိုင်းများ ရှင်းလင်းခြင်း၊ ခြံစည်းရိုးများတွင် တွယ်တက်နေသည့် ခြုံနွယ် ပိတ်ပေါင်းများ ရှင်းလင်းခြင်း၊ ရေမြောင်းများတွင် ဖုံးအုပ်နေသည့် အမှိုက်များကို ရှင်းလင်းခြင်း၊ ရှင်းလင်းသိမ်းဆည်းပြီးသည့် အမှိုက်များကို စနစ်တကျစွန့်ပစ်ခြင်း လုပ်ငန်းများကို ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
စန္ဒာမိုး(ပြန်/ဆက်)