သတင်းများ

ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီး‌လုပ်ကွက်ဟောင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွား
Dec 22,2021
ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ယနေ့နံနက် (၄)နာရီခွဲအချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံမြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။
မြန်အောင်မြို့၌ မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် အသိပညာပေး နံရံကပ်စာစောင်ပြသ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ် ဘုတ်တွင်မသန်စွမ်းသူများ၏ အခွင့်အရေးဆိုင်ရာများနှင့် စပ်လျဉ်းသည့် သိကောင်းစရာများကို ယနေ့နံနက်ပိုင်းက စတင်ပြသ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဝေါမြို့နယ်တွင် ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm Phase-4 ထိုးနှံ ပြီးသူများအား ဒုတိယအကြိမ် စတင်ထိုးနှံပေးလျက်ရှိ           
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ပထမအကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် ဝေါမြို့ပြည်သူ့ဆေးရုံအဟောင်း၌ ဆေးထိုးစုရပ်(၂)နေရာ၊ ဆေးထိုးစုရပ်(၁၀) စုခွဲ၍ ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ရပ်စောက်မြို့မဈေးနှင့် ရပ်ကွက်များတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေး
Dec 22,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ ရပ်စောက်မြို့နယ်တွင် မြို့မဈေးအတွင်းနှင့် ရပ်ကွက်များတွင် ဈေးရောင်းချသူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့မဈေး၌ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းပြုလုပ်
Dec 22,2021
‌ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ ဝန်ထမ်းများ စာဖတ်သည့် အလေ့အထများ ရရှိစေရန်နှင့် လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် ရည်ရွယ်ပြီး စာဖတ်ရှိန်မြှင့်တင်ရေး စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
ကချင်ပြည်နယ် သယံဇာတရေးရာဝန်ကြီး မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်းလမ်းများ အဆင့်မြှင့်တင် ဆောင်ရွက်ထားရှိမှုများအား ကွင်းဆင်းစစ်ဆေး
Dec 22,2021
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ယူဆောင်ရွက် လျက်ရှိသည့် မြစ်ကြီးနားမြို့မဈေးနှင့် မြို့တွင်း လမ်းများ အဆင့်မြှင့်တင်ဆောင်ရွက်ထားရှိမှုများ နှင့် ပတ်သက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင် သည် ယမန်နေ့မွန်းလွဲ (၂)နာရီခွဲတွင် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများနှင့်အတူ လှည့်လည်ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ဒေးဒရဲမြို့ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အကြိုဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကားပြောပြိုင်ပွဲများကျင်းပ
Dec 22,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲ၊ စာစီစာကုံးနှင့် ကျပန်းစကား ပြောပြိုင်ပွဲများကို ယနေ့နံနက် (၁၀)နာရီက အဆိုပါ ကျောင်းဝန်းအတွင်းရှိ နှစ်ထပ်ခန်းမဆောင်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကဝမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ်စာစောင်ပြပွဲကျင်းပ
Dec 22,2021
ပဲခူးတိုင်းဒေသကြီး၊  ပဲခူးခရိုင်၊  ကဝမြို့နယ်ရုံး  လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် (အကြို) စာအုပ် စာစောင်ပြပွဲကို ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။