ဖားကန့်မြို့နယ်လုံးခင်းကျေးရွာအုပ်စု၊ သာယာကုန်းကျေးရွာအနီး‌လုပ်ကွက်ဟောင်း မြေစာပုံ ပြိုကျမှု ဖြစ်ပွား

ဖားကန့် ဒီဇင်ဘာ ၂၂

ကချင်ပြည်နယ် မိုးညှင်းခရိုင် ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စု သာယာကုန်းကျေးရွာအနီးတွင် ယနေ့နံနက် (၄)နာရီခွဲအချိန်ခန့်က လုပ်ကွက်ဟောင်းမြေစာပုံမြေသားထု ပြိုကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

မြေပြိုကျမှုဖြစ်စဉ်ကြောင့် မြေစာပုံနှင့်ရေကန်အကြားတွင် ရေမဆေးကျောက် ရှာဖွေနေသူများနှင့်ပျံကျစျေးဗန်းခင်း ရောင်းချနေသူ (၂၀)ဦးခန့် မြေစာနှင့်အတူ ရေကန်အတွင်းသို့ မျောပါသွားခဲ့ကြောင်း သိရသည်။

အဆိုပါ မြေသားထုပြိုကျခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးငြိမ်းမောင်မောင် ဦးဆောင်သည့်အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းများ၊ နယ်မြေရဲစခန်းမှတပ်ဖွဲ့ဝင်များ၊ လုံးခင်းကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များတို့က လူနာတင်ယာဉ် (၁၀)စီးနှင့်အတူ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း၊ နံနက်(၁၀) နာရီ (၅၅)မိနစ်ခန့်တွင် အမျိုးသားရုပ်အလောင်းတစ်လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

မိုးမိုးဝေ(ပြန်/ဆက်)