သတင်းများ

(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြပညာရေး ဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်
Dec 23,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့ နံနက် (၉) နာရီ အချိန်က ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျိုက်ဒုံမြို့၊ အမှတ် (၃) ရပ်ကွက် မကွေးလမ်းအုတ်စီရေမြောင်းပြုလုပ်ခြင်း လုပ်ငန်းဆောင်ရွက်
Dec 23,2021
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၃.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၊ မကွေးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။
ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။
မြေပုံမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅) ရပ်နှင့် ဦးတည်ချက် (၉) ရပ် မှတ်တမ်းဓာတ်ပုံများ မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသ
Dec 23,2021
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြေပုံမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြေစိုက်နံရံကပ်ပြဘုတ်တွင် အသိပညာပေးနံရံကပ်စာစောင်များကို လစဉ်အသစ်လဲလှယ် ပြသဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ရှေ့လုပ်ငန်းစဉ် (၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်ပါဝင်သည့် ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ပြသသည်။
ပေါင်းတည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ
Dec 23,2021
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက ပေါင်းတည်မြို့ စျေး(၁)၊ စျေး(၂)နှင့် ပျဉ်းပင်ကန်ရပ်ကွက်နေ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။