ကျိုက်ဒုံ ဒီဇင်ဘာ ၂၃
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့တွင် စည်ပင်သာယာရေးအဖွဲ့မှ (၂၀၂၀-၂၀၂၁) ခုနှစ်၊ ဘဏ္ဍာနှစ်ပြည်နယ် ဘတ်ဂျက်ငွေလုံးငွေရင်း ခွင့်ပြုရန်ပုံငွေ (၁၃.၀၀၀) ကျပ်သန်းဖြင့် ကျိုက်ဒုံမြို့ အမှတ် (၃) ရပ်ကွက်၊ မကွေးလမ်း အုတ်စီရေမြောင်း ပြုလုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
အဆိုပါ အုတ်စီရေမြောင် းပြုလုပ်ဆောင်ရွက်ရာတွင် ရေမြောင်းပေအရှည် (၇၆၀) ပေ၊ အကျယ် (၂) ပေ၊ အနက်(၃)ပေ ရှိပြီး မိုးရာသီကာလတွင် ပြည်သူများအနေဖြင့် သွားရေးလာရေး အခက်အခဲ့ မရှိစေရေး၊ လမ်းပေါ်၌ ရေများ မဝပ်စေရေး၊ ရေစီးရေလာ ကောင်းမွန်စေရေးအတွက် ကျိုက်ဒုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ တာဝန်ခံ အငယ်တန်းအင်ဂျင်နီယာ-(၂) ဦးဟန်ဝင်းချိုမှ ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သန်းထွန်းနိုင် (ပြန်/ဆက်)