သတင်းများ

ဒေးဒရဲမြို့၌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား မြေစိုက်နံရံကပ်ဘုတ်တွင် ခင်းကျင်းပြသ
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ မြို့နယ်ရုံးရှေ့ မြေစိုက်ဘုတ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉)ရပ်အား အများပြည်သူ လေ့လာဖတ်ရှုနိုင်ရေး ယနေ့ နံနက်ပိုင်းက စတင်ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးဗီဇပြောင်း အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်မှုလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်
Dec 23,2021
မွန်ပြည်နယ် ရေးမြို့နယ်၌ ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ အိုမီခရွန်ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့နံနက်ပိုင်းက မြို့ပေါ်ရပ်ကွက်များနှင့် လူစည်ကားရာနေရာများ၌ မွန်/မြန်မာ နှစ်ဘာသာဖြင့် လှည့်လည်နှိုးဆော်ပေးလျက်ရှိသည်။
မင်းဘူး(စကု)မြို့နယ်အတွင်းရှိ ကျေးရွာ(၆)ရွာ၌ (VDP)စီမံကိန်းဖြင့် မြေသားလမ်းမှ ကွန်ကရစ် လမ်းအဖြစ် အဆင့်မြှင့် တင်ခြင်းဆောက်ရွက်
Dec 23,2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ (၂၀၂၁-၂၀၂၂) ဘဏ္ဍာနှစ် ခြောက်လတာကာလအတွင်း ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များဆောင်ရွက်နိုင်ရန် (VDP)စီမံကိန်းဖြင့် မြို့နယ်အ တွင်းရှိ ကျေးရွာ(၆)ရွာ၌ မြေသားလမ်းများကို ကွန်ကရစ်လမ်းများအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
သုံးခွမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ကျောင်းသား/သူများအား နိုင်ငံသားစိစစ်ရေးကတ်များ ကွင်းဆင်း‌ဆောင်ရွက်
Dec 23,2021
ရန်ကုန်တိုင်း‌ဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်အထက၁၊ အထက၂ ရှိ‌ ကျောင်းသား /သူများအား ပန်းခင်းစီမံချက်ဖြင့် တိုင်းရင်းသား/ဥပဒေအရနိုင်ငံသားများအား ဥပဒေနှင့် အညီ ကိုင်ဆောင်သင့်သော ကတ်တစ်မျိူးမျိုး ထုတ်ပေးနိုင်ရေးအတွက် ယမန်နေ့နံနက် (၉)နာရီအချိန်က အထက(၁)၊ အထက(၂) အခြေခံပညာကျောင်းများ၌ ကွင်းဆင်း ဆောင်ရွက်ပေးခဲ့‌ကြောင်းသိရသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ၊ပုသိမ်ပညာရေးဒီဂရီကောလိပ်၌ လုပ်ငန်းခွင်အကြို မူလတန်း ဆရာအတတ် ပညာ သင်တန်း PPTT(၇/၂၀)မောင်မယ်သစ်လွင်ကြိုဆိုပွဲတက်ရောက်
Dec 23,2021
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းသည် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက် ၁၀ ၃၀နာရီအချိန်က ပုသိမ်ဒီဂရီကောလိပ်၊ ပညာရတနာခန်းမ၌ ကျင်းပသောလုပ်ငန်းခွင် အကြိုမူလတန်း ဆရာအတတ် ပညာသင်တန်းPPTT(၇/၂၀)မောင်မယ်သစ်လွင်ကြိုဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်းသိရသည်။
(၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြို ဓာတ်ပုံပြပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ဆောင်ရွက်မှုမှတ်တမ်းများကို ပြည်သူများလေ့လာကြည့်ရှုနိုင်ရန် ခင်းကျင်းပြသ
Dec 23,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ (၇၄)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအဖြစ်၊ ကိုဗစ်-၁၉ရောဂါ ကာကွယ်ကုသရေးဆိုင်ရာ မှတ်တမ်းဓာတ်ပုံပြပွဲနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ တိုင်းကျိုးပြည်ပြု ဆောင်ရွက်မှု မှတ်တမ်းဓာတ်ပုံများကို ၊ ဒီဇင်ဘာ(၂၃)ရက်နေ့ နံနက်(၉)နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမနှင့် ရုံးရှေ့ရှိ မြေစိုက်ဘုတ်တို့တွင် ခင်းကျင်းပြသထားကြောင်း သိရသည်။
မိသားစုဝင်ငွေတိုးပွားစေရန်မုန်ညင်းပင်များစ နစ်တကျစိုက်ပျိုးခြင်းဖြင့်အထွက်နှုန်းကောင်း၍စီးပွားရေး အဆင်ပြေလျက်ရှိ
Dec 23,2021
ပြည်သူများနေ့စဥ်စားသုံးလျက်ရှိသည့် အသီးအနှံများတွင်ဆောင်းရာသီသီးနှံတစ် မျိုးဖြစ်သည့်အိမ်ရှင်မများ အကြိုက်မုန်ညင်းရွက်အပင်များ ကိုကျိုက်မရောမြို့နယ်၊ မြွေဟောက်ကျေးရွာအုပ်စုတွင်ခြံစိုက်တောင်သူများ စီးပွားဖြစ်စိုက်ပျိုးကြရာ အထွက်နှုန်းကောင်းပြီး စျေးကောင်းလည်းရသဖြင့် မိသားစုများအပိုဝင်ငွေရရှိကာ စီးပွားရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရေနံချောင်းမြို့နယ်တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်
Dec 23,2021
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရေနံချောင်းမြို့နယ်ရုံး အနေဖြင့် အသိပညာ ပေးလုပ်ငန်းများကို ကိုဗစ်ကာလအတွင်းတွင် Online မှတဆင့် ရေနံချောင်းမြို့နယ် ပြည်သူ့ စာကြည့်တိုက် Facebook Page နှင့် IPRD Yenanchaung Facebook Page တို့တွင် ထုတ်လွှင့်တင်ဆက်ပေးလျက်ရှိရာ ယမန်နေ့နေ့လည် (၁)နာရီအချိန်ခန့် က ရေနံချောင်းမြို့နယ် ပြည်သူ့စာကြည့်တိုက် Community Centre ခန်းမတွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် Book Club အဖွဲ့ဝင် စာပေချစ်မြတ်နိုးသူ စာရေးဆရာ၊ ကဗျာဆရာ ဦးဝင်းကျော် (ကိုဝေ)တို့ ပူးပေါင်းပြီး (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။