သရက်မြို့၌ ကိုဗစ်-၁၉ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းများ ဆောင်ရွက်
Dec 23,2021
မကွေးတိုင်းဒေသကြီး သရက်မြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ် အိုမီခရွန် ကြိုတင်ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံရေး အသိပညာပေး နှိုးဆော် ခြင်း၊ လက်ကမ်းစာစောင်နှင့် နှာခေါင်းစည်း (Mask) များ ဖြန့်ဝေပေးခြင်းများကို ယနေ့ နံနက် ၇ နာရီက အနောက်ရပ်တောင်ပိုင်း၊ အောင်သီရိရပ်ကွက်တွင် မြို့နယ် ကိုဗစ် - ၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် သုခရတနာ ပရဟိတအသင်းနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ဝန်ထမ်း များက အသိပညာပေးနှိုးဆော် ခဲ့ကြောင်း သိရသည်။