(၇၄)နှစ်မြောက်လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစားပြိုင်ပွဲများ ကျင်းပနိုင်ရေး ညှိနှိုင်းစည်းဝေး

ပေါက်ခေါင်း   ဒီဇင်ဘာ   ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့တွင် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားနှင့် အားကစား ပြိုင်ပွဲများ ကျင်းပနိုင်ရေး ကြိုတင်ညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နေ့လည် ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်က လွတ်လပ်ရေးနေ့ အခမ်းအနားကို ကိုဗစ်-၁၉ စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ရန်နှင့် အခမ်းအနားဖြစ်မြောက်ရေးအတွက် ဌာနဆိုင်ရာများကို ကော်မတီ အသီးသီး ဖွဲ့စည်းတာဝန်ပေးအပ်မှာဖြစ်ပြီး၊ အားကစားပြိုင်ပွဲများ၊ ကဗျာ၊ စာစီစာကုံးပြိုင်ပွဲနှင့် အခြားပြိုင်ပွဲ များတွင်ဆုရရှိသူများကိုလည်း ဆုများချီးမြှင့်ပေးနိုင်ရေးတို့ကိုညှိနှိုင်းဆွေးနွေးခဲ့သည်။

၎င်းစည်းဝေးပွဲသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး၊ သက်ဆိုင်ရာ ကော်မတီများအလိုက် ပြန်လည်ဆွေးနွေးတင်ပြခဲ့ကြောင်းသိရသည်။

သန်းထွန်းအောင်