ဧရာဝတီတိုင်း​ဒေသကြီး ဝန်ကြီးချုပ် လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနား တက်ရောက်

မြောင်းမြ    ဒီဇင်ဘာ     ၂၃

ဧရာဝတီတိုင်းဒေသကြီး၊  မြောင်းမြခရိုင်၊ မြောင်းမြပညာရေး ဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်း (၇/၂၀၂၀) မောင်မယ်သစ်လွင် ကြိုဆိုပွဲအခမ်းအနားကို ယနေ့ နံနက်(၈)နာရီက မြောင်းမြပညာရေးဒီဂရီကောလိပ်၊ ပညာသီရိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းက အဖွင့် အမှာစကားပြောကြားရာ ကိုဗစ်−၁၉ရောဂါကူးစက်မှုကြောင့် စာသင်ကျောင်းများ၊သင်တန်းများရပ်နား ထားရာမှယခုအခါကိုဗစ်−၁၉ရောဂါကူးစက်မှုလျော့နည်းလာခြင်း၊ပြည်သူများအားကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းများဆောင်ရွက်ပေးလျက်ရှိပြီးသင်တန်းများပြန်လည်ဖွင့်လှစ်ပေးနိုင်သည့်အတွက်မင်္ဂလာရှိသော နေ့တစ်နေ့ဖြစ်ပါကြောင်း၊ သင်တန်းသားဆရာ/ဆရာမများအနေဖြင့်သင်တန်းပြီးဆုံး၍မိမိ တာဝန်ကျရာမြို့ရွာများသို့ သွားရောက်တာဝန်ထမ်းဆောင်ရာတွင် ဆရာ့ကျင့်ဝတ်များအားလိုက်နာ ကြပြီးတပည့်များအား ကိုယ်ရည်ကိုယ်သွေး စွမ်းရည်သတ္တိ ပိုမိုပြည့်ဝသူများဖြစ်လာစေရန် လေ့ကျင့် ပျိုးထောင်ပေးရန်လိုအပ်ကြောင်း၊ဆရာကျင့်ဝတ်၊တပည့်ကျင့်ဝတ်များကိုသိရှိရမှာဖြစ်ကြောင်း၊ ဆရာ/ ဆရာမများသည်လောကကိုပညာနဲ့အလှဆင်သူများဖြစ်ကြောင်း၊နာသုံးနာကိုအခြေခံပြီးကရုဏာတရားရှေ့ထားပြီးတပည့်များ၏စံနမူနာပြဆရာ/ဆရာမများဖြစ်ရန်လိုကြောင်း၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင်ပညာရေးသည် အခြေခံဖြစ်သည့်အတွက်ဆရာ/ဆရာများ အနေဖြင့်လုပ်ငန်း တာဝန် များကိုကြိုးစားဆောင်ရွက်ကြစေလိုကြောင်းပြောကြားခဲ့ပါသည်။

၄င်းနောက်ဝန်ကြီးချုပ်ကသင်တန်းသား/သင်တန်းသူများအတွက်ချီးမြှင့်ထောက်ပံ့ငွေ(၁၀)သိန်းနှင့် ဒေသထွက်မွေးမြူရေးကြက်ဥများလှူဒါန်းပေးရာ မြောင်းမြပညာရေးဒီဂရီကောလိပ်ဒုကျောင်းအုပ် ဆရာမကြီးဒေါ်သူဇာရှိန်ကလက်ခံရယူခဲ့ပါသည်။အဆိုပါလုပ်ငန်းခွင်အကြိုမူလတန်းဆရာအတတ်ပညာသင်တန်း(၇/၂၀၂၀)သို့ မြောင်းမြခရိုင်၊ မြောင်းမြ၊အိမ်မဲ၊ဝါးခယ်မမြို့နယ်များနှင့် မအူပင်ခရိုင်မှ မအူပင်၊ ပန်းတနော်၊ဓနုဖြူ၊ညောင်တုန်းမြို့နယ်များမှ သင်တန်းသား(၁၃၄)ဦး၊ သင်တန်းသူ(၁၂၅)ဦး၊ စုစုပေါင်း (၂၅၉)ဦးတက်ရောက်လျက်ရှိပြီးသင်တန်းကာလမှာ(၃)လကြာမြင့်မည်ဖြစ်ကြောင်းသိရပါသည်။