မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဆေးရောင်ခြယ်ပြိုင်ပွဲပြုလုပ်

မိုင်းစံ     ဒီဇင်ဘာ    ၂၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) တွင် ယနေ့ နံနက် (၉) နာရီ အချိန်က ပန်းချီဆေးရောင်ခြယ်ပြိုင်ပွဲကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများက ကလေးငယ်သူငယ်များ အနေဖြင့် စာကြည့်တိုက်ကို  အသုံးပြုတတ်စေရန်၊ အားလပ်ချိန်များကို   အကျိုးရှိစွာ  အသုံးချတတ်စေရန်၊  ဉာဏ်ရည်ဉာဏ်သွေး မြင့်မားလာစေရန်၊  ကိုယ်ပိုင်တီထွင်  ဖန်တီးတတ်သည့်  အတွေးအခေါ်  များရှိစေရန် ရည်ရွယ်၍ ပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခြင်းဖြစ်ပြီး ပြိုင်ပွဲသို့ မြို့အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား/သူများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆုများပေးအပ် ခဲ့ကြောင်း သိရသည်။

 ခင်ချို  (မုန်းဆန်း)