ဆင်ပေါင်ဝဲမြို့နယ်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသိပေးနှိုးဆော်ကြေညာ

ဆင်ပေါင်ဝဲ  ဒီဇင်ဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ယမန်နေ့က မြို့ပေါ်ရပ်ကွက်များတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ သတင်းထုတ်ပြန်ချက်အား အသံချဲ့စက်ဖြင့် လိုက်လံအသိပေး နှိုးဆော်ကြေညာခဲ့ကြောင်း သိရသည်။

ထိုသို့နှိုးဆော်ကြေညာရာတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၌ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ထုတ်ပြန်ကြေညာခဲ့သည့် NUGCRPHနှင့် လက်ဝေခံ PDF အဖွဲ့များ၏ တရားမဝင်လက်နက်များ၊ ခဲယမ်းများ၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် လက်လုပ်သေနတ်၊ ယမ်း၊ မိုင်းနှင့်ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင် အကြမ်းဖက်မှုအပေါ်နှင့် နယ်စပ်ဒေသများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း တစ်ချို့တို့မှလည်း နိုင်ငံရေး၊ စစ်ရေးအမြတ်ထုတ်ရန်အလို့ငှာ ပြည်တွင်းသို့နည်းမျိုးစုံဖြင့် ပို့ဆောင်နေသည့် လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအား နေ့စဉ်နှင့်အမျ ှဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိသကဲ့သို့ နည်းမျိုးစုံဖြင့် လက်ဝယ်ကိုင်ဆောင်သူ အကြမ်းဖက်သမားများထံမှလည်း ဖော်ထုတ်ဖမ်းဆီးရမိသိမ်းဆည်းလျက် ရှိပါကြောင်း၊ ၎င်းပြင် တစ်ချို့သောအကြမ်းဖက်သမားများသည် နိုင်ငံသူ၊ နိုင်ငံသားများ၏ မသိနားမလည်မှု၊ ရိုးသားမှုအပေါ်အခွင့်ကောင်းယူလျက် မိမိတို့၏တရားမဝင်လက်နက်ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေး ပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပြင် တားမြစ်ပစ္စည်းများကိုလည်း နည်းအမျိုးမျိုး၊ အသွင်အမျိုးမျိုးဖြင့် အပ်နှံသိမ်းဆည်းစေမှုများကိုလည်း ဖော်ထုတ်ဖမ်းဆီးရမိလျက်ရှိကြောင်း၊ သို့ဖြစ်ရာ အကြမ်းဖက်သူများနှင့် မသက်ဆိုင်သူများကို မလိုလားအပ်သော တရားဥပဒေရင်ဆိုင်မှုများ မရှိနိုင်စေရေးအလို့ငှာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက် နောက်ဆုံးထား၍ နိုင်ငံသူ၊ နိုင်ငံသားများအားလုံးသည် အကြောင်းအမျိုးမျိုးနှင့် နည်းမျိုးစုံဖြင့် မိမိတို့နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီးတွင် တရားမဝင်လက်နက်၊ ခဲယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းများနှင့် ဆက်စပ်ပစ္စည်းများအပါအဝင် နိုင်ငံတော်မှဥပဒေအရ တားမြစ်ပြဌာန်းထားသည့် မူးယစ်ဆေးဝါးများ၊ လက်ဝယ်သို့ရောက်ရှိသိမ်းဆည်းထားခြင်းများ ရှိကြပါက သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးများ၊ နီးစပ်ရာလုံခြုံရေးတပ်ဖွဲ့ဝင်များထံ လာရောက်အပ်နှံကြပါရန်နှင့် သတ်မှတ်ရက်ကျော်လွန်ပြီးနောက် စစ်ဆေးတွေ့ရှိရပါက တည်ဆဲဥပဒေများနှင့်အညီ အရေးယူခံရမည်ဖြစ်ကြောင်း ပြည်သူများသိရှိနိုင်ရန် အသံချဲ့စက်ဖြင့် လိုက်လံအသိပေးနှိုးဆော်ခဲ့ကြောင်း သိရသည်။

နိုင်လင်း