ပေါင်းတည်မြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးအပ်ပွဲကျင်းပ

ပေါင်းတည် ဒီဇင်ဘာ ၂၃

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါင်းတည်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနရုံးက ပေါင်းတည်မြို့ စျေး(၁)၊ စျေး(၂)နှင့် ပျဉ်းပင်ကန်ရပ်ကွက်နေ ပြည်သူများအတွက် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးသော နိုင်ငံသား စိစစ်ရေးကတ်ပြားများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ၃နာရီက ပေါင်းတည်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် ပြည်ခရိုင်အုပ်ချုပ်ရေးမှူး ဦးသိန်းအောင်က အဖွင့်အမှာစကား​ပြောကြားသည်။

ဆက်လက်၍ ပြည်ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်(၁)နှင့် ပေါင်းတည်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌတို့က ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက်ပေးခဲ့သော နိုင်ငံသားစိစစ်ရေးကတ်ပြား(၇၄)ခုကို သက်ဆိုင်ရာရပ်ကွက် တာဝန်ရှိ သူများထံ ပေးအပ်ခဲ့သည်။ပေါင်းတည်မြို့နယ်တွင် မြို့ပေါ်(၁၂) ရပ်ကွက် ကျေးရွာအုပ်စု(၄၄) အုပ်စု စုစုပေါင်း (၅၆)အုပ်စုရှိပြီး လျာထားလူဦးရေ(၅၄၈၂)ဦးအား ပန်းခင်းစီမံချက်ဖြင့် အသက်၁၆နှစ်နှင့်၁၈နှစ်အထက် နိုင်ငံသား စိစစ်ရေးကတ်ပြားမကိုင်ဆောင်ရသေးသူများကို ကျေးရွာများသို့အရောက် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လျာထားဦးရေ၏ ၆၀ဒသမ ၀၁ရာခိုင်နှုန်းဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် မြိုနယ်ရုံးတွင်လည်း ဆောင်ရွက်ပေးလျက် ရှိကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူအင်အားဦးစီးဌာနရုံး ဦးစီးမှူးထံမှသိရသည်။

အေးအေးဆင့်