ဟိုပန်၌ တတိယအသုတ် (ဒုတိယအကြိမ်) ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဆက်လက်ထိုးနှံ
Dec 23,2021
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ "ဝ" ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ နောင်မိုကျေးရွာ အုပ်စု၊ နောင်အွန် ခန်းမ၌ တတိယအသုတ် (ဒုတိယအကြိမ်) တွင် ဆေးထိုးရန်ကျန်ရှိသည့် အသက်(၁၈)နှစ်အထက် ဒေသခံပြည်သူများအား ယမန်နေ့ နံနက်ပိုင်းအချိန်မှ စတင်၍ ပြည်သူ့ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm)ကို ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။