ဒေးဒရဲမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေး

ဒေးဒရဲ  ဒီဇင်ဘာ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဝန်ထမ်းများက ယမန်နေ့ နံနက် (၁၀)နာရီက မြို့နယ်မီးသတ်ဦးစီးဌာနသို့ မိုဘိုင်းစနစ်ဖြင့် စာအုပ်များ ကွင်းဆင်းငှားရမ်းပေးခဲ့သည်။

အဆိုပါ မိုဘိုင်းစနစ်ဖြင့် စာအုပ်များငှားရမ်းပေးရာတွင် သုတ၊ ရသစာအုပ်များ၊ ပုံပြင်၊ ရုပ်ပြ၊ မဂ္ဂဇင်း၊ ဝတ္ထုစာအုပ်များနှင့် အသိပညာ ဗဟုသုတ များစွာရရှိမည့် စာအုပ်များ စုံလင်စွာငှားရမ်းပေးခဲ့ပြီး တစ်ပတ်ပြည့်လျင် စာအုပ်၊ စာစောင်အသစ်များဖြင့် အပတ်စဉ် လဲလှယ် ငှားရမ်းပေးသွားမည် ဖြစ်ကြောင်းသိရသည်။

အေဇာလင်း